ဖေဖော်ဝါရီ ၁၉ ရက်၊ ဘားအံ
ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၅ ရက်အထိ စစ်ကောင်စီနဲ့ ကရင်တပ်မတော် (KNU/KNLA)ရဲ့ တပ်မဟာ(၅)တို့အကြား လဝက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က (၆၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပေါင်း (၁၅၆)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးသူအပြင် (၅၆)ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ KNU-Mutraw News က ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူထဲမှာ တပ်ခွဲမှူး ၂ ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ ဆေးတပ်သားတစ်တို့ ပါဝင်ပြီး စစ်ကား ၃ စီးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
KNLA ရဲ့ တပ်မဟာ(၅)ဖက်မှ ၃ ဦး ကျဆုံးပြီးတော့ (၁၉)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ တိုက်လေယာဥ်နဲ့ ဗုံး ၇ လုံး လာရောက် ကြဲချသွားတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။
Shwe Phee Myay News Agency
No comments:
Post a Comment