ဇီးကျွန်းရွာမှ ပျူစောထီးခေါင်းဆောင် စစ်တပ်သတင်းပေး(ဒလန်)အကြီးစားတစ်ဦး ဓား၊သေနတ်တို့ဖြင့် ရှင်းလင်းအသတ်ခံရ

ဓာတ်ပုံ-မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

မုံရွာ၊ ဖေဖော်ရီ ၉ ရက်

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ ဇီးကျွန်းကျေးရွာတွင်နေထိုင်သူပျူစောထီးခေါင်းဆောင် တဦးဖြစ်သည့်အောင်ထွန်း(ခ) ကိုမင်းမင်းသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် ၃နာရီ၃၀မိနစ်ဝန်းကျင်တွင် ဗိုလ်စနေအဖွဲ့မှ ဓား၊သေနတ်တို့ဖြင့်တို့ဖြင့် ရှင်းလင်းခဲ့ကြောင်း ဗိုလ်စနေ ရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 "ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လည် ၃နာရီ၃၀မိနစ်ဝန်းကျင်ကရှင်းလင်းလိုက်တာပါ သူက ပျူစောထီးခေါင်းဆောင် စစ်တပ်သတင်းပေး(ဒလန်)အကြီးစားဖြစ်သလိုပြည်သူတွေကို ဒုက္ခပေးလွန်းလို့ သတ်ပစ်လိုက်တာပါ" ဟု ဗိုလ်စနေရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အသတ်ခံရသည့် အသက် ၃၉ နှစ်ဝန်းကျင်အရွယ်ရှိ ပျူစောထီးခေါင်းဆောင်ကိုအောင်ထွန်း(ခ)ကိုမင်းဆိုသူမှာ ယခင်ကအောက်လမ်း၊ ဗိန္နောဆရာ အလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ဇန်နဝါရီလအစောပိုင်းက လယ်ဇင်၊ သက္ကယ်ကျင်း၊ ကိုင်းတော၊ ဇီးကျွန်း၊ပလ္လင် စသည့်ကျေးရွာများကို စစ်ကောင်စီတပ်သားများနှင့် ဝင်ရောက်လာကာ သတင်းပေး၊လမ်းပြအဖြစ်နဲ့ ပါဝင်လုပ်ဆောင်ခဲ့ပြီး ယင်းအပြင် အခြားလုပ်ဆောင်ချက်များလဲ ရှ်ိသေးကြောင်း ဒေသခံများကပြောဆိုကြသည်။

မုံရွာမြို့နယ်တွင်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စစ်တပ်သတင်း (ဘိုးမင်း)သတ်ခံရပြီးနောက်ပိုင်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင် (မော်ကြီး)ခံရကာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်း ပျူစောထီးခေါင်းဆောင် ယဥ်နွယ်သိမ်(ခ)မီးမီး အသတ်ခံရပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း ပျူစောထီးခေါင်းဆောင် ကိုအောင်ထွန်း( ခ)ကိုမင်း ဆိုသူအသတ်ခံရကြောင်း ဒေသခံများထံက သိရှ်ိရသည်။

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်တွင် စစ်တပ် သတင်းပေးများနှင့် ပျူစောထီးများသည် စစ်ကောင်စီ ယန္တရားဆက်လက် လည်ပတ်နိုင်ရေးကို ဆက်လက်လုပ်ဆောင်နေပါက ဗိုလ်စနေ(ဒလန်)ရှင်းလေးအဖွဲ့မှ ဆက်လက်ရှင်းလင်းသုတ်သင်သွားမည် ဟု ဗိုလ်စနေရှင်းလင်းရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


Ayeyarwaddy Times 

ဇီးကျွန်းရွာမှ ပျူစောထီးခေါင်းဆောင် စစ်တပ်သတင်းပေး(ဒလန်)အကြီးစားတစ်ဦး ဓား၊သေနတ်တို့ဖြင့် ရှင်းလင်းအသတ်ခံရ ဇီးကျွန်းရွာမှ ပျူစောထီးခေါင်းဆောင် စစ်တပ်သတင်းပေး(ဒလန်)အကြီးစားတစ်ဦး ဓား၊သေနတ်တို့ဖြင့် ရှင်းလင်းအသတ်ခံရ Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.