စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ


ဖေဖေါ်ဝါရီ ၁၄

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်မှုကို ပျောက်ကြားတပ်ဖွဲ့တဖွဲ့မှ လုပ်ဆောင်ခဲ့ပါတယ်။

ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ရက် ည ၈:၃၀နာရီအချိန်ခန့်က ရွှေမင်းဝံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်မှုကို Dragon King ပျောက်ကြားတပ်ဖွဲ့ကလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်‌အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး သတိပေးရုံသာလုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူးရုံးအနည်းငယ်သာထိခိုက်ခဲ့တယ်လို့သိရပါတယ်။

ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစက်အောင်ဖြိုးက ပြည်သူကိုဆန့်ကျင်ဘက်ပြုပြီး စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

စစ်ကောင်စီလက်ပါးစေအနေနဲ့ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ငဲ့ညှာမှူမရှိတော့ပဲ တိုက်ခိုက်သွားမယ်လို့ Dragon King ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။


စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမီဒီယာ


စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.