မြင်းမူမြို့နယ် မလဲသာရွာကို စစ်ကောင်စီတပ်က ၃ ရက် ကြာတပ်စွဲ၍ အမျိုးသမီးများအပါဒေသခံများကို ရေနွေးပူဖြင့်လောင်းပြီးရိုက်နှက် နှိပ်စက်


ဖေဖော်ဝါရီ ၄ ရက်

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ မလဲသာကျေးရွာကို စစ်ကောင်စီတပ်များက ၃ ရက်နီးပါးဝင်ရောက်ခဲ့ပြီး ကျေး ရွာသူကျေးရွာသားများကို နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ညှင်ပန်းခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့ကစတင်၍ စစ်ကောင်တပ်ဖွဲ့ဝင်များသည် ရဟတ်ယာဉ်များအသုံးပြုပြီး မြင်းမူမြို့နယ်အတွင်းသို့ဝင်ရောက်ခဲ့ကာ ထိုမှတဆင့်  အရာတော်တောင်နယ် ၊မလဲသာ၊ကန်ရင်းကျေးရွာများနှင့်မြင်းမူ၊ပဒတ်ထိုင်းကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြတ်သန်းခဲ့သည့်ကျေး ရွာများမှ ပြည်သူများကိုဖမ်းဆီးပြီး လူဒိုင်းကာအဖြစ်ပြုလုပ်ကာဝင်ရောက်ခဲ့ပြီး ၎င်းတို့ဓား စာခံအဖြစ် ဖမ်း ဆီးခေါ်ဆောင်လာသူများကို မလဲသာကျေးရွာ အတွင်းထားရှိစစ်ဆေးမေးမြန်းမှုများပြု လုပ်ခဲ့ကြောင်း သိရသည်။

''ဓါးစာခံတွေဖမ်းပြီးတော့ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ နှိပ်စက်တာတွေ စစ်မေးတာတွေပြုလုပ်တယ်'' ဟုဖမ်းဆီးခံခဲ့ရသည့် အမည်မဖော်လိုသူမြင်းမူမြို့နယ်ဒေ သခံတဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ထိုသို့ ဘုန်းကြီးကျောင်းဝန်းအတွင်း  စစ်ဆေး မေးမြန်းရာတွင် စစ်ကောင်စီတပ်များမှ ဒေသခံများအား ရေနွေးပူဖြင့် လောင်းချခြင်း ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သည်ဟုသိရသည်။

''တစ်ယောက်ကို ခေါင်းကိုရိုက်ထားတာ အခုထိအိနေတုန်းပဲ ။ အတွင်းတော့မဖြစ်ဘူး။ နောက်တစ်ယောက်ကျတော့ရေနွေးပူနဲ့လောင်းချခံထားရတာလက်ကိုကြိုးနဲ့ တုပ်ပြီးရေနွေးပူနဲ့လောင်းခဲ့တာပါ''   ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသူများတွင် ဒေ သခံအမျိုးသမီးများလည်းပါဝင်ပြီး ၄င်းတို့ကို အဆိုပါဘုန်းကြီးကျောင်းဝန်းအတွင်း၌ပင်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကာယအိန္ဒြပျေက်ပျက်ပြားစေသည့် ပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဒေသ ခံများကဆိုသည်။

စစ်ကောင်စီတပ်များသည်  ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းတွင် ကျေးရွာများမှ ထွက်ခွာသွားခဲ့ပြီး ၄င်းတို့ထွက်ခွာသွားပြီးနောက် ဆိုင်များနှင့် လူနေ အိမ်များကိုဖောက်ထွင်းထားပြီး တန်ဖိုးကြီးပစ္စည်းများ၊ ငွေသားများနှင့် အစားအသောက်များကိုပါယူဆောင်သွားကြသည်ကို ဒေသခံများတွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ထို့ပြင် ၄င်းတို့ထွက်ခွာသွားပြီးနောက် ဒေသခံရွာသတဦးပျောက်ဆုံးနေခဲ့ပြီး ၄င်း၏သွေးစွန်းနေသည့် အင်္ကျီနှင့်သစ်သားတုတ် ၁ ချောင်းကိုသာပြန်လည် တွေ့ရှိခဲ့ကာ အ ဆိုပါအမျိုးသားမှာ သတင်းအစအန ပျောက်ဆုံးနေကြောင်း ဒေသခံများကဆိုသည်။


Ayeyarwaddy Times 

မြင်းမူမြို့နယ် မလဲသာရွာကို စစ်ကောင်စီတပ်က ၃ ရက် ကြာတပ်စွဲ၍ အမျိုးသမီးများအပါဒေသခံများကို ရေနွေးပူဖြင့်လောင်းပြီးရိုက်နှက် နှိပ်စက် မြင်းမူမြို့နယ် မလဲသာရွာကို စစ်ကောင်စီတပ်က ၃ ရက် ကြာတပ်စွဲ၍ အမျိုးသမီးများအပါဒေသခံများကို ရေနွေးပူဖြင့်လောင်းပြီးရိုက်နှက် နှိပ်စက် Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.