လေးမျက်နှာ၊ ဖေဖော်ဝါရီ ၆ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းက စစ်ကောင်စီက ဗိုလ်အဆင့် အရာရှိဦးကို ရဲတဦးက ဆိုင်ကယ်နဲ့ တိုက်သတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းကင်းလှည့်နေချိန်မှာ ရဲတဦး ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းပြီး ဝင်တိုက်ခဲ့တာကြောင့် စစ်ဗိုလ်တဦး နေရာမှာတင်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဦးသိသလောက်က သေသွားတာ မှန်တယ် တိုက်သတ်တာ ဟုတ် မဟုတ်တော့ မပြောတက်ဘူး ပြီးတော့ အဆင့်လည်း သေချာမသိဘူး စစ်သားတစ်ယောက်သေသွားတယ် ပြီးတော့ တိုက်တဲ့ရဲက သတိမရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဗိုလ်အဆင့်အရာရှိတဦးကို ဆိုင်ကယ်နဲ့ဝင်တိုက်ခဲ့တဲ့ ရဲကတော့ မျက်လုံးတဖက်ကျွတ် သွားပြီး ဆေးကုသမှုခံယူနေသလို ခုချိန်ထိ သတိပြန်မရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါရဲဝန်ထမ်း သတိပြန်ရလာရင် ရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးသွားမှာဖြစ်ပြီး ရဲစည်းကမ်းအရအရေးယူသွားဖို့ စီစဉ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ရဲဝန်ထမ်းတဦးက ပြောဆိုပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment