မီတာမဆောင်၍ စစ်တပ်ခေါ်အနိုင်ကျင့်သည့် အုပ်ချုပ်ရေးမှူး သားဖနှစ်ဦး ပစ်သတ်ခံရ


ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ဖဒိုဒေသ၊ဆေးရိုးခင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့်၎င်း၏သားဖြစ်သူတို့ကို အမည်မသိ သေနတ်သမားတစ်ဦးက ​ယနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းတွင် ပစ်သတ်ခံခဲ့ကြောင်း ဒေသခံများကဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး  ဦးစိုးလှနှင့် သားဖြစ်သူ ထွန်းလင်းစိုးတို့သည် လွန်ခဲ့သည့် ရက်တ္တပတ်အတွင်းက ဆေးရိုးခင်ကျေးရွာတွင် မီတာမဆောင်သည့် အိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များခေါ်ပြီး အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဆဲဆိုခြင်း၊မကျေနပ်လို့ ​ပြန်လည်ပြောဆိုသည့် ပြည်သူများကို ဓားဖြင့်ဝင်ထိုးခြင်း စသည့် လုပ်ရပ်များ ဆက်တိုက် ပြုလုပ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

ယနေ့ မနက်ပိုင်းတွင် သားအဖ နှစ်ဦးလုံးကို သေနတ်ဖြင့် အမည်မသိ သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပစ်ခတ်မှုနှင့် မသက်ဆိုင်သည့် အပစ်မဲ့ပြည်သူတစ်ဦးကိုလည်း ဖဒိုရဲစခန်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်တွင်လည်း ကျောက်တံခါးမြို့နယ် ဖဒို ကျွန်းကုန်းလမ်းဆုံ အနီးတွင် ဂိတ်ကြေးတောင်းနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲများကို ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ရဲနှစ်ဦးသေဆုံးခဲ့သည်။


သံလွင်ခက် - Than Lwin Khet News

မီတာမဆောင်၍ စစ်တပ်ခေါ်အနိုင်ကျင့်သည့် အုပ်ချုပ်ရေးမှူး သားဖနှစ်ဦး ပစ်သတ်ခံရ မီတာမဆောင်၍ စစ်တပ်ခေါ်အနိုင်ကျင့်သည့် အုပ်ချုပ်ရေးမှူး သားဖနှစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.