သျှမ်း - မန္တလေးစပ်ကြား စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ


ဖေဖော်ဝါရီ ၄

သျှမ်း နှင့် မန္တလေးစပ်ကြား ရွာငံ - ဟန်မြင့်မိုရ်လမ်းပိုင်း၊ သံရွာနှင့် ဟန်မြင့်မိုရ်ကြားတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက် ၉ နာရီဝန်းကျင်တွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်တော်စစ်တပ်ဆီ ဦးတည်သွားနေသည့် စစ်ယာဥ်တန်းကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Black Wolf PDF(MDY) ပူးပေါင်းတပ်ဖွဲ့မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KDDF မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

"လက်နက်သယ်လာတဲ့ကားပါ၊ ကားအနောက်ခန်းပိုင်း ထိတယ်၊ မိုးကာအုပ်ထားတော့ နောက်မှာ လူပါ မပါတော့ သေခြာ မသိဘူး၊ အနောက်ခန်းကတော့ စုတ်ပြတ်သွားတယ်၊ အခုလည်း အဲ့နားမှာ သူတို့ (စကစ) ရှာဖွေမှု ပြလုပ်နေတယ်” ဟု Kyaukse District Defence Force - KDDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်တန်း ဦးတည်သွားနေသည့် ဟန်မြင့်မိုရ်မှ တောင်တော်စစ်တပ်သို့ တောင်တော်မြို့တွင် ဆက်သွယ်ရေးတပ်နှင့် လက်နက် ထုတ်လုပ်ရေးတပ်များရှိကြောင်းလည်း KDDF က ပြောသည်။


SHAN News (Burmese Version) 

သျှမ်း - မန္တလေးစပ်ကြား စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ သျှမ်း - မန္တလေးစပ်ကြား စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.