စစ်ကောင်စီက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်

ဓာတ်ပုံ - NLD ပါတီ

ဖေဖော်ဝါရီ ၂၈ ရက်

အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထိမ်းသိမ်းထားသည့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်ကို အဂတိအမှု ၇ မှုဖြင့် ထောင်ဒဏိ ၂၁ နှစ် ချမှတ်ခဲ့ကြောင်း တရားရုံးအသိုင်းအဝိုင်းထံက သိရသည်။

စစ်ကောင်စီ၏ မုံရွာအကျဥ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်မှာ အဂတိမှုများကို ၎င်းကျူးလွန်ခြင်းမရှိဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီမှာ NLD ပါတီအစိုးရလက်ထက် ဝန်ကြီးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည့် ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ပါတီနာယက ဦးဝင်းထိန်တို့အပါအဝင် ခေါင်းဆောင်အများအပြားကို ထောင်ဒဏ်နှစ် ၂ဝ၊ နှစ် ၄ဝ စသည့် ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


Ayeyarwaddy Times 

စစ်ကောင်စီက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ်ချမှတ် စစ်ကောင်စီက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မြင့်နိုင်ကို ထောင်ဒဏ် ၂၁ နှစ်ချမှတ် Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.