လျှပ်စစ်မီတာခ မတရားကောက်ခံသည်ဟုဆိုကာ နန်းမားလျှပ်စစ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းသုံးကြိမ် ဖောက်ခွဲ


မိုးညှင်း-ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ ရှမ်းစုရပ်ကွက်ရှိ လျှပ်စစ်ရုံးကို ယမန်နေ့ ည ခုနစ်နာရီဝန်းကျင်ခန့်က နန်းမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းသုံးကြိမ် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

နန်းမားဒေသခံပြည်သူများကို လျှပ်စစ်မီတာခနောက်ဆုံးပေးသွင်းရန် ကောက်ခံခဲ့သောကြောင့် ယခုကဲ့သို့ မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ရုံးထဲကို ပစ်ထည့်သွားတာ။ အခွန်ထည့်ရမယ်ဆိုပြီး ပြည်သူတွေဆီမှာ လိုက်ကောက်ဖို့ပြောတာပေါ့။ PDFတွေအနေနဲ့လည်း အရင်ကတည်းက လျှပ်စစ်မီတာ မကောက်ဖို့ သတိပေးထားတာကို မလိုက်နာလို့ နောက်ထပ် ဆက်မလုပ်ဖို့ သတိပေးတဲ့အနေနဲ့ မိုင်းသွားဖောက်တာဟုတ်တယ်” ဟုပြောသည်။ 

လျှပ်စစ်ရုံးမိုင်းခွဲခံရပြီးနောက် တစ်မိုင်ခန့် အကွာအဝေးတွင်ရှိသည့် နန်းမားအခြေစိုက်တပ်ရင်း(၃၈၆)မှ သေနတ်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

“ရုံးကားတစ်စီးထိတယ်လို့ကြားတယ်။ သေနတ်နဲ့ရောပစ်ထည့်ခဲ့တာဆိုတော့။ ပေါက်ကွဲပြီးနောက် သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)က ရမ်းပစ်တာပေါ့။ အရင်ညတွေလည်း ပစ်တယ်။ ပစ်တာက ဦးတည်ချက်မရှိဘူး”ဟုဆိုသည်။

မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လူထိခိုက်မှုရှိ၊ မရှိကိုမူ The 74 Media မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နန်းမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF-NAMMA) က ၎င်းတို့မှ နန်းမားလျှပ်စစ်ရုံးကို ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


The 74 Media 

လျှပ်စစ်မီတာခ မတရားကောက်ခံသည်ဟုဆိုကာ နန်းမားလျှပ်စစ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းသုံးကြိမ် ဖောက်ခွဲ လျှပ်စစ်မီတာခ မတရားကောက်ခံသည်ဟုဆိုကာ နန်းမားလျှပ်စစ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းသုံးကြိမ် ဖောက်ခွဲ Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.