ဖေဖော်ဝါရီ ၂၈ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း CDF(ကန်ပက်လက်) နှင့် စစ်ကောင်စီတပ်များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF (ကန်ပက်လက်)က သတင်းထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့နယ် မောချောင်းရွာနှင့်မဆာတွီရွာအကြားတွင်ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Kanpetlet နှင့် စစ်ကောင်စီတပ်များ အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး CDF Kanpetlet ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ယမန်နေ့ည မဆာတွီကျေးရွာ၌ညအိပ်မည်ဟု CDF များက ခန့်မှန်းထားပြီး မိဘပြည်သူများအနေဖြင့်ကျင်ဒွေးနှင့်လောင်းရှည်လမ်းမကြီးကိုအသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန် နှင့် တိုက်ပွဲဆက်လက်ဖြစ်နိုင်သေးသည့်အတွက်မလိုအပ်ပဲစစ်ရေးသတင်းများကိုလူမှုသတင်းမီဒီယာများတွင်ဖြန့်ဝေခြင်းမပြုကြရန် တိုက်တွန်းထုတ်ပြန်ထားသည်။
Ayeyarwaddy Times
No comments:
Post a Comment