ဇန်နဝါရီလအတွင်း တပ်မဟာ (၅) နယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀) နီးပါး သေဆုံးထိခိုက်

ဓာတ်ပုံ - KNLA က စစ်ကောင်စီစခန်းတစ်ခုကို ယမန်နှစ်က သိမ်းပိုက်ခဲ့စဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ (၂)

KNU တပ်မဟာ (၅) နယ်မြေ၌ ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း (၃၂၂) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ (၁၉၄) ဦး သေဆုံးကာ (၂၀၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ယနေ့ထုတ်ပြန်သည်။ 

အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူထဲတွင် ဒုတပ်ရင်းမှူးတစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရှိသူများထဲတွင် တပ်ရင်းမှူး (၂) ဦး၊ တပ်ခွဲမှူး (၁) ဦး၊ ဒုတပ်ခွဲမှူး (၁) ဦးနှင့် ဒုတပ်စုမှူး (၁) ဦး ပါဝင်သည်ဟု ဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးယာဉ်၊ မြင်းများနှင့် စစ်သုံးမော်တော်ယာဉ်အစီး (၂၀) ကို ဖျက်စီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်ကလည်း စစ်သည် (၃) ဦးကျဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားချိန် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ၏ မဆင်မခြင်ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးသေဆုံးပြီး (၁၈) ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မူတြော်ခရိုင်ထိန်းချုပ်ရာနယ်မြေအတွင်းသို့ အကြမ်းဖက်စစ်ကောင်တပ်က လေယာဉ်ဖြင့် ဗုံးဆံ (၁၄) လုံး ကြဲချခဲ့သည့်အပြင် လက်နက်ကြီးကျည် (၁၈၂) လုံးပစ်ခဲ့ပြီး ပြည်သူများ၏လယ်ယာ၊ ခြံမြေအတွင်းသို့ရောက်ရှိခဲ့သည်ဟု ဆိုသည်။


Lu Nge Khit

ဇန်နဝါရီလအတွင်း တပ်မဟာ (၅) နယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀) နီးပါး သေဆုံးထိခိုက် ဇန်နဝါရီလအတွင်း တပ်မဟာ (၅) နယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀) နီးပါး သေဆုံးထိခိုက် Reviewed by THITHTOOLWIN on 20:30 Rating: 5

No comments:

Powered by Blogger.