လူ ၅ ဦးထက်ပိုစီးသည့် အိမ်စီးကားများကို မအူပင်မြို့အဝင်စစ်ကောင်စီဂိတ်က ကိုဗစ်ဥပဒေဖြင့် ဖမ်းဆီးငွေညှစ်
မအူပင်၊ ဖေဖော်ဝါရီ၂၃ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ မြို့အဝင်တံတားဂိတ်တွင် လူ ၅ ဦးထက်ပိုမိုတင်ဆောင်သည့် အိမ်စီးကားများကို စစ်ကောင်စီက ကိုဗစ်ဥပဒေဖြင့်ဖမ်းဆီးငွေညှစ်နေကြောင်း ဒေသခံများထံကသိရသည်။
'' ခုဖမ်းခံရတာက လူပိုတင်လို့တဲ့ ကိုဗစ်ကာလ က ထုတ်ပြန်ထားတဲ့ဥပဒေနဲ့ဖမ်းတာ။ အိမ်စီးကားမှာလူ ၅ ယောက်ထက်ပိုတင်တယ်ဆိုပြီး ဖမ်းတာ။ ကိုဗစ်ဥပဒေကလည်း သူတို့ငွေညှစ်တဲ့နေရာလောက်မှာဘဲ သုံးတာ။ သူတို့ကိုယ်တိုင်ဖောက်ဖျက်နေတာတွေအများကြီး'' ဟု မအူပင်မြို့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
ထို့ပြင် အိမ်စီးကားများအပြင် မအူပင်သို့ဖြတ်သန်း သွား လာသည့် ကုန်ကားများနှင့်အခြားကားများကိုလည်း အကြောင်းအမျိုးမျိုးဖြင့် ငွေတောင်းခံများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။
မအူပင်မြို့တွင် စစ်ကောင်စီတပ်များ မကြာခဏအချိန်းအပြောင်းလုပ်နေပြီး အသစ်ရောက်ရှိလာသည့် စစ်ကောင်စီတပ်များကလည်း နည်းမျိုးစုံဖြင့်ဖမ်း ဆီးငွေရှာခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
Ayeyarwaddy Times
No comments:
Post a Comment