ရန်ကုန်၊ ဖေဖော်ဝါရီ (၁၅)
ရန်ကုန်၊ သာကေတမြို့နယ် (၇) ရပ်ကွက်၌ လဖက်ရည်ဆိုင်ထိုင်နေသည့် အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဆိုသူတစ်ဦး ယနေ့ ဖေဖော်ဝါရီ (၁၅) ရက် နံနက်ပိုင်းက ပစ်သတ်ခံခဲ့ရကြောင်း ထိုရပ်ကွက်အတွင်း နေထိုင်သူများက လူငယ့်ခေတ်သို့ ပြောသည်။
ဓမ္မရုံလမ်းမပေါ်ရှိ လဖက်ရည်ဆိုင်အတွင်းထိုင်နေသည့် သတင်းပေးဆိုသူကို ဝင်ရောက်ပစ်ခတ်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်အတွင်းနေ ထိုင်သူတစ်ဦးက ပြောသည်။
"အခုတော့ရပ်ကွက်ထဲမှာစစ်ခွေးတွေခြေရှုပ်နေတယ်။ ဒလန်ကတော့ ပွဲချင်းပြီးသေသွားတယ်"ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၄) ရက်ကလည်း သာကေတမြို့နယ် (၁၃) ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦး လဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့သေးသည်။
ထို့အတူ ဇန်နဝါရီ (၁၉) ရက်နေ့ကလည်း သာကေတမြို့နယ် (၆) အရှေ့ရပ်ကွက်အတွင်းနေထိုင်သည့် အကြမ်းဖက်စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး စက်ဘီးပြင်ဆိုင်အတွင်းရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။
Lu Nge Khit
No comments:
Post a Comment