စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေတိုက်ခိုက်သဖြင့် ကားနှစ်စီးပျက်စီး

ပုံ/ ၂၀၁၉ ခုနှစ်အတွင်းက ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာ၌ တွေ့ရသော စစ်ကောင်စီယာဉ်တန်

ကွတ်ခိုင် - ဖေဖော်ဝါရီ ၉၊ ၂၀၂၂။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်သို့ စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ည ၁၀ နာရီခန့်ခွဲခန့်က ခိုးမုန်းရွာအနီးတွင် ကိုးကန့်(MNDAA)တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကား ၃၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကားတစ်စီး ထိခိုက်ပျက်စီးသွားသည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“စစ်ကောင်စီတပ်ကားတွေနဲ့ တက်လာလို့ ပစ်တာလို့ ကြားတယ်၊ ညဆိုတော့ အင်အားက သေချာမမြင်ရဘူး၊ မနက်ကမှ ကားတစ်စီးက လမ်းဘေးကျနေတာမြင်တာပေါ့ ထိတာတော့ နှစ်စီးဟုတ်တယ်၊ သူတို့က ညဆိုတော့ အထိအခိုက်တွေရှိလည်း ပြည်သူတွေ မမြင်အောင်လို့ တစ်ခါတည်းရှင်းလိုက်တာပေါ့။” ဟုသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် နာရီဝက်ခန့်ကြာ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်အင်အားတိုးချဲ့မှုများ ဆက်လက်လုပ်နေဆဲဖြစ်ပြီး အဆိုပါနယ်မြေများရှိ ကိုးကန့်(MNDAA)တပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ် (KIA)တပ်ဖွဲ့တို့နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။


The 74 Media 

စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေတိုက်ခိုက်သဖြင့် ကားနှစ်စီးပျက်စီး စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေတိုက်ခိုက်သဖြင့် ကားနှစ်စီးပျက်စီး Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.