ပျူစောထီးခေါင်းဆောင်ဟု အသ တ်ခံလိုက်ရသည့်အရပ်ဖက်အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်(၂၁-ပင်လုံ)ကော်မတီဝင် ကဗျာဆရာဦးမြင့်ဆန်း(မလဲသာ)
ဖေဖော်ဝါရီ၄၊ မုံရွာ
စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်တွင် စစ်တပ်ကအလိုရှိနေသည့် ကဗျာဆရာဦးမြင့်ဆန်း(မလဲသာ)ကို ယမန်နေ့ဖေဖော်ဝါရီ၃ရက်နေ့က ပျူစောထီးခေါင်းဆောင်ဟု သတ်မှတ်ကာ Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ သတ်ဖြတ်လိုက်ကြောင်း ထနောင်းမြေလူမှု့ကွန်ယက်စာမျက်နှာမှတဆင့် ရေးသားဖော်ပြထားပါသည်။
ကဗျာဆရာဦးမြင့်ဆန်းသည် စစ်တပ်အာဏာမသိမ်းခင်က "အရပ်ဖက်အဖွဲ့အစည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊စာပေအသိုင်းအဝိုင်း၊ပရဟိတလုပ်ငန်း၊NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)မဲဆွယ်စည်းရုံးရေးခရီးစဉ်လုပ်ငန်း၊စာကြည့်တိုက်ဥပဒေရေးဆွဲရေးလုပ်ငန်း၊သဘာဝပတ်ဝန်းကျင်သစ်ပင်ချစ်သူများအဖွဲ့အစည်း၊ရပ်ရွာအတွင်းအမှိုက်သန့်ရှင်းစေရေးအတွက် ၎င်း၏ကားကိုအမှိုက်ကားအဖြစ်ပြောင်းလဲခဲ့သူ ၊ စာကြည့်တိုက်ပြုလုပ်ဖို့အတွက် သူရဲ့ပင်စင်လစာကို စာတိုက်မှုးထံမုန့်ဖိုးများပေးပြီး စာကြည့်တိုက်ထူထောင်ရန်၊စာပေဟောပြောပွဲတွေမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း" ကဗျာဆရာဦးမြင့်ဆန်းနှင့်နီးစပ်သူတစ်ဦးထံကသိရသည်။
ဦးမြင့်ဆန်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး စစ်တပ်ကဖမ်းဆီးရန်အလိုရှိနေသူတစ်ဦးဖြစ်ကြောင်း ၊စစ်ကိုင်းတိုင်းဒေသကြီး အရပ်ဖက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်(၂၁-ပင်လုံ)ဖြစ်မြောက်ရေးတိုင်းကော်မတီဝင်တစ်ဦးဖြစ်ကြောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂ ဘဏ္ဍာရေးမှူးတစ်ဦးဖြစ်တယ်လို့လည်း သိရှိရပါတယ်။
အရာတော်မြို့နယ် မလဲသာကျေးရွာကို စစ်တပ်ကဖေဖော်ဝါရီ၂ရက်နေ့တွင် ဝင်ရောက်လာပြီးနောက် စစ်တပ်ကိုလမ်းပြခေါ်ဆောင်လာသူ ဦးမြင့်ဆန်းကို ပျူစောထီးခေါင်းဆောင်ဟု သတ်မှတ်ကာ ဖေဖော်ဝါရီ၃ရက်နေ့တွင် Zero ပြောက်ကျားတပ်ဖွဲ့မှ သေနတ်ဖြင့်နားထင်တေ့ပစ်သတ်ခဲ့ကြောင်း ထနောင်းမြေလူမှု့ကွန်ယက်စာမျက်နှာမှရေးသားဖော်ပြထားပါသည်။
ကဗျာဆရာဦးမြင့်ဆန်းကို ပစ်သ တ်ခဲ့သည့်အဖွဲ့အစည်းမှ သက်သေနှင့်တကွချပြရန် စစ်ကိုင်းတိုင်းအဖွဲ့အစည်း၁၆ဖွဲ့မှ ယနေ့ ပူးတွဲထုတ်ပြန်ကြေညာထားပါသည်။
Chindwin Yoma Media
No comments:
Post a Comment