ဓာတ်ပုံ - မိုးဗြဲမြို့၊ ဝါရီဆူပလိုင်ကျေးရွာတွင်း နေအိမ်များ ဖျက်ဆီးခံရပုံ |
ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ (၅) ရက်နေ့မြောက်အထိ ရောက်ရှိလာပြီဖြစ်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လွိုင်ကော်မြို့ အမြောက်တပ်မှ လက်နက်ကြီးများ ၊ ဖယ်ခုံမြို့ စကခ ၇ တပ်မှ လက်နက်ကြီးများ၊ မိုးဗြဲမြို့ ၄၂၂ တပ်မှ လက်နက်ကြီးများ၊ ဒီးမော့ဆို၊ ငွေတောင် ၄၂၇ တပ်မှ လက်နက်ကြီးများဖြင့် မိုးဗြဲမြို့ ကျေးရွာများအား နေ့စဥ်ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အလားတူ ၁၇.၂.၂၀၂၂ မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ် လေကြောင်းများဖြင့် မိုးဗြဲမြို့၊ ကျေးရွာများတွင် လေယာဥ်လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိနေသည်။
ထို့အပြင် စစ်ကြောင်းချီတက်လာသော တင့်ကားများမှလည်း လက်နက်ကြီးများဖြင့် ပြည်သူများ၏ နေအိမ်များကို ရမ်းတမ်းပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများဖြင့် လူထုများအား တိုက်ခိုက်ခဲ့သည်ဟု KNDF ဖယ်ခုံဇုန်တပ်ရင်းက ဖော်ပြထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment