စစ်​ကောင်စီတပ်က ယင်းမာပင်တွင် ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်မှုတွင် ဓါးစာခံအဖြစ်ထိန်းသိမ်းခံထားရ​သော မူကြိုကလေးငယ် ၇၀ခန့်ပြန်မလွတ်​သေး

(အကြမ်းဖက်စစ်​ကောင်စီတပ်ကချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှ တစ်စီး ။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာ အနီးသို့ စစ်ကောင်စီတပ်က ယနေ့မနက်တွင် ရဟတ်ယာဉ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည့်အပြင် မူကြိုကလေးငယ် ၇၀ ခန့် ဓားစာခံအဖြစ် ဖမ်းထိန်းသိမ်းခံထားရ​ကြောင်းယင်းမာပင်နယ်ခံအချို့က ပြောသည်။

ချင်းပုန်းရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၂၆ရက်) မနက်က ဒေသကာကွယ်ရေးတပ်(PDF) သင်တန်းဆင်းပွဲ ပြုလုပ်​နေသည်ဆိုကာ စစ်ကောင်စီတပ်က  တိုက်​လေယာဥ် ၂ စီး သယ်ယူပို့​ဆောင်​ရေး​လေယာဥ် နှစ်စီးဖြင့် လာရောက်၍ ချင်းပုန်းရွာနှင့်အနီးရှိ ​ညောင်ကိုင်းရွာတို့ကိုတိုက်ခိုက်စီးနင်းကာ စစ်​ကောင်စီတပ်သားများချ​ပေးပြီး ရွာကိုပိတ်ဆို့ခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

​ညောင်ကိုင်းရွာတွင်​​ဒေသခံအဘွားတစ်ယောက်ဆုံးသဖြင့် နာ​ရေးပြုလုပ်​နေစဥ် လူစုလူဝေးပုံစံဖြစ်​နေချိန်တွင်စစ်​ကောင်စီတပ်က ရဟတ်ယာတ်ယာဉ်လေးစီးဖြင့်လာ​ရောက်ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်​ကြောင်း ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောသည်။

 "အမှန်ကအဲ့ဒီမှာ ကျွန်တော်တို့ PDF တွေ မရှိဘူး။ သင်တန်းလည်း မရှိဘူး"ဟု အထက်ပါ ပုဂ္ဂိုလ်က လူထု​နွေဦးသို့ပြောသည်။

“မြေပြင်သတင်းကြားတာက အရပ်သားတွေ ၄ယောက်လောက် ဆုံးတယ်လို့ ပြောတယ်။ ဒီကောင်တွေ လောလောဆယ် ညောင်ကိုင်း တိုက်နယ်ဆေးရုံထဲမှာ တပ်စွဲထားတယ်လို့ပြောတယ်။ အဲဒီဘက်မှာ ကျောင်းဖွင့်တယ် မူကြိုကလေးလေးတွေ ပိတ်မိနေတယ်လို့ ကြားတယ်” ဟု ​ဒေသခံတစ်ဦးကလည်းစစ်​ကောင်စီတပ်မှပိတ်ဆို့တိုက်ခိုက်ခံရ​သောအ​ခြေအ​နေကိုပြောသည်။

 လက်ရှိ အခြေအနေအရအကြမ်းဖက် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့၍ မရသည့် အခြေနေဟု ဒေသကာ ကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။  

“လူသားတံတိုင်းအဖြစ် မူကြိုကလေးလေတွေ ၇၀လောက်ပိတ်မိနေတယ်လို့ကြားတယ်” ဟု ၎င်း ကဆက်​ပြောသည်။  

အခြားယင်းမာပင်နယ်ခံ အမျိုးသမီးတစ်ဦးကလည်း “မူကြိုတွေကဖွင့်တယ် အဲဒီမှာက။ အဲဒါ မူကြို ကလေးလေးတွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားတာ ဆရာမက ၉ယောက်လို့ပြောတယ်” ဟု ပြောသည်။

 စစ်​ကောင်စီတပ်က PDF သင်တန်းဆင်းပွဲဟုဆိုကာ တိုက်ခိုက်ရာတွင် ညောင်ကိုင်းရွာမှ အသုဘတစ်ခုကို မှားယွင်း တိုက်ခိုက်ခဲ့ခြင်းမှာဟုတ်မှန်​ကြောင်း ​အခြားဒေသခံတစ်ဦးကလည်း​ပြောသည်။

 “အသုဘပွဲကို လူစုလူဝေးမြင်တာနဲ့ သူတို့က ပစ်တော့တာ။ လူစုစုမြင်ရာကို PDF ပွဲလို့ သူထင်တာကိုး။ အဲဒါကြောင့် ညောင်ကိုင်း အသုဘ ပွဲကို PDF အဖွဲ့ထင်ပြီးတော့ ပစ်တာနေမှာ” ဟု  အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။  ထို့အပြင်ချင်းပုန်း စာသင်ကျောင်းမြောက် ဘက် က အိမ်ကို လက်နက်ကြီးဖြင့် ထု၍ နေအိမ် ၃လုံးခန့် မီးလောင်ကျွမ်းသည်ဟုကြားရကြောင်း ၎င်းက ဆက်​ပြောသည်။

 ဓါးစာခံအဖြစ်ထိန်းသိမ်းခံရ​သောက​​လေးငယ်များကို စစ်​ကောင်စီတပ်က ယခုအချိန်ထိ့ ပြန်မလွှတ်​ပေး​သေး​ဘဲ ​ဒေသခံများမှာ က​လေးငယ်များအတွက် စိုးရိမ်​နေကြ​ကြောင်းဒေသခံများက​ပြောသည်။အကြမ်းဖက်စစ်​ကောင်စီတပ်က ပိတ်ဆို့ထား၍  ပိတ်မိ​နေသူများတွင် က​လေးငယ်များအပြင် သက်ကြီးရွယ်အိုများလည်းပါဝင်​ကြောင်း သိရသည်။


People's Spring 

စစ်​ကောင်စီတပ်က ယင်းမာပင်တွင် ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်မှုတွင် ဓါးစာခံအဖြစ်ထိန်းသိမ်းခံထားရ​သော မူကြိုကလေးငယ် ၇၀ခန့်ပြန်မလွတ်​သေး စစ်​ကောင်စီတပ်က ယင်းမာပင်တွင် ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်မှုတွင် ဓါးစာခံအဖြစ်ထိန်းသိမ်းခံထားရ​သော မူကြိုကလေးငယ် ၇၀ခန့်ပြန်မလွတ်​သေး Reviewed by THITHTOOLWIN on 01:06 Rating: 5

No comments:

Powered by Blogger.