ကရင်နီပြည်နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းရပ်တန့်သွား


ဖေဖော်ဝါရီ ၁၊ ၂၀၂၂ 

ကရင်ပြည်နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းရပ်တန့်သွားပြီး ပြည်သူ့အုပ်ချုပ်ရေး/ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စိုးမိုးအုပ်ချုပ်မှုမှာ ၉၀ ရာခိုင်နှုန်းလောက် မြင့်တက်လာခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်အရသိရပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်နယ်အဝင်အထွက် လမ်းကြောင်းအကုန်နီးပါး ထိန်းချုပ်နိုင်တဲ့အတွက် စစ်ကောင်စီက လက်နက်နဲ့ ရိက္ခာကို ထောက်ပို့လေယာဥ် အသုံးပြုနေရတယ်လို့ KNDF က ပြောပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်မှာ ကျေးရွာပေါင်း ၇၀၀ ရှိတဲ့အနက် ရွာလုံးကျွတ် စစ်ဘေးရှောင်ရတဲ့ ကျေးရွာကလွဲပြီး လက်ရှိအချိန် ကျေးရွာပေါင်း ၄၀၀ လောက်က စာသင်ကျောင်းတွေ ဆေးပေးခန်းတွေကို ပြည်သူလူထုကိုယ်တိုင် ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုနဲ့ လည်ပတ်နိုင်ခဲ့တယ်လို့ KNDF က ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထု လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေကလဲ အခုအချိန် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့ KNDF တပ်ဖွဲ့နဲ့ တခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ အတော်များများ ပါဝင် စစ်မှုထမ်းနေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။ 

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ ၂၄ အပြစ်မဲ့ ပြည်သူ ၄၃ ယောက်ကို စစ်တပ်က လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့တဲ့တာ အပါအဝင် နောက်ထပ် အမှုပေါင်း ၄ မှုကို နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်အရေးယူနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ပြည့် ကာလအတွင်း KNDF က ဖဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးနဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းတွန်းလှန်နိုင်ရေးကို နေ့စဥ်နဲ့ အမျှ အသက်ပေး ကြိုးပမ်းတိုက်ပွဲဝင်နေကြောင်း KNDF က ဆိုပါတယ်။


D-Day Channel

ကရင်နီပြည်နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းရပ်တန့်သွား ကရင်နီပြည်နယ်မှာ စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းရပ်တန့်သွား Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.