မင်းဘူး၊ ဖေဖော်ဝါရီ ၁၁။ ၂၀၂၂။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သို့ ယတြာချေဘုရားထီးတင်လာသွားသော အာဏာသိမ်းစစ်ခေါင်းဆောင်အား အစိုးရတရပ်အဖြစ်လက်မခံနိုင်ကြောင်း ပြသသည့်အနေဖြင့် မင်းဘူးတရားရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးအထူးတပ်ဖွဲ့တာဝန်ခံစောဘီလူးက မြေလတ်အသံကိုပြောပါတယ်။
အဲဒီဗုံးခွဲတိုက်ခိုက်မှုကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီခန့်က အနောက်ပိုင်းတိုင်း၊မြေအောက် တော်လှန်ရေးမဟာမိတ်အဖွဲ့များက ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်းအားမြင့်ဗုံးထောင်ခွဲခဲ့ခြင်းကြောင့် ရုံးအဆောက်အဦးထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါတယ်။
တော်တော်ပြင်းပါတယ်။ တမြို့လုံးတုန်သွားတယ်။ ပစ်တာမဟုတ်ပါဘူး ထောင်ပြီးဖောက်ခွဲတာပါ ဗုံးကတော်တော်ကြီးပါတယ်။ မင်းအောင်လှိုင်က မင်းဘူးသားမင်းဘူးမှာမွေးတာ မင်းဘူးမှာမွေးတဲ့ မင်းအောင်လှိုင်ကို မင်းဘူးသားတွေကတောင် လက်မခံဘူးဆိုတာကိုပြချင်တာပါ လို့ စစ်ဆင်ရေးအထူးတပ်ဖွဲ့တာဝန်ခံစောဘီလူး ကပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ယမန့်နေ့က ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်း(မြို့)၊ ဘူတာ နှင့်ကပ်လျက်ဘုရားအသစ်ထီးတင်ပွဲ သို့ လာရောက်ခဲ့ပြီး ကြီးလေးကြီးပါရွာ(၄) ရွာ သို့ ယတြာချေလာရောက် ခဲ့ခြင်းလည်းဖြစ်တယ်လို့ မြို့ခံတွေထံကသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment