ချောင်းဦးရွာကို မီးရှို​သော စစ်ကောင်စီတပ်နှင့်ပျူများကိုမဟာမိတ်တပ်​ပေါင်းစုက တုံ့ပြန်တိုက်ခိုက်

(စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများစခန်းချ​သောပျူအိမ်များကို မဟာမိတ်တပ်​ပေါင်းစုကမီးရှို့စဥ်။ဓါတ်ပုံ-ASF)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ချောင်းဦးရွာကို ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီးခဲ့​သော အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများကို မဟာမိတ်တပ်​ပေါင်းစုက ယ​နေ့ (​ဖေ​ဖော်ဝါရီ ၁၈) ည​နေတွင် တုံ့ပြန်တိုက်ခိုက်ခဲ့​ကြောင်း ​အောင်ဆန်းတပ်ဖွဲ့-ASF ကထုတ်ပြန်သည်။ 

အောင်ဆန်းတပ်ဖွဲ့ - ASF ၊ သံမဏိတပ်ဖွဲ့ နှင့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်- ပကဖ တပ်တို့၏ မဟာမိတ်တပ်ပေါင်းစုသည် ​ဖေ​ဖော်ဝါရီ၁၈ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများအခြေချရာ ပုလဲနယ်၊ ဇီးဖြူကုန်းရွာအနီးမှ စုံကုန်းတောတိုက်အား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သော်လည်း စစ်​ကောင်စီတပ်နှင့် ပျူများသည် ကြောက်၍ ဆုတ်ခွာသွားသည့်အတွက် ၎င်းတို့ ခြေကုတ်ယူထားသော ပျူအိမ်များအား စီးနင်းမီးရှို့ခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

ချောင်းဦးရွာမှ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အထဲတွင် စစ်​ကောင်စီတပ်များနှင့်အတူ ပျူများပါ ပါဝင်ကြောင်းသိရပါသည်ဟုလည်း ထုတ်ပြန်သည်။

ဇီးဖြူကုန်းသို့ ဆုတ်သွားသော စစ်​ကောင်စီတပ်များမှာ အင်အားဖြည့်တင်းလျက် လက်နက်ကြီးပစ်ကူများဖြင့် ပြန်တက်လာသဖြင့် မဟာမိတ်တပ်ပေါင်းစုသည် ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပြန်လည်ဆုတ်ခွာခဲ့ပြီးအထက်ပါစီးနင်းမှုတွင် တပ်ပေါင်းစုဘက်မှ မည်သည့်အထိအခိုက်မှမရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့အား အထိနာအောင်တိုက်ခိုက်နိုင်သည့် ပုလဲမြို့နယ်ကို အငြိုးထား၍ ယခုလဆန်းပိုင်းကစ၍ ရွာလုံးကျွတ်မီးရှို့ မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

မင်းတိုင်ပင်၊ အင်မထီး၊ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်း နှင့်  လှော်ကားကြီး ရွာတို့မှ အိမ်ခြေ ၁,၀၀၀ကျော်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့ကာ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။ယ​နေ့ နံနက်တွင်​ ချောင်းဦးရွာကို ထပ်မံမီးရှို့ခြင်းဖြစ်သည်။

အပြင် ပုလဲဒေသခံတပ်ဖွဲ့များအတွက် ထောက်ပံ့မှုများဆောင်ရွက်နေသည်ဟု စွပ်စွဲခံထားရသော  ကျေးရွာ ၁၀ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ရန် ပစ်မှတ်ထားနေသည်ဟုလည်း ​ဒေသခံအချို့က​ ပြောသည်။


People's Spring 

ချောင်းဦးရွာကို မီးရှို​သော စစ်ကောင်စီတပ်နှင့်ပျူများကိုမဟာမိတ်တပ်​ပေါင်းစုက တုံ့ပြန်တိုက်ခိုက် ချောင်းဦးရွာကို မီးရှို​သော စစ်ကောင်စီတပ်နှင့်ပျူများကိုမဟာမိတ်တပ်​ပေါင်းစုက တုံ့ပြန်တိုက်ခိုက် Reviewed by THITHTOOLWIN on 02:08 Rating: 5

No comments:

Powered by Blogger.