ဓာတ်ပုံ - Khin Saw Htwe (အောင်မဂ်လာအဝေးပြေးဝင်းတစ်နေရာကိုတွေ့ရစဥ်) |
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မဂ်လာဒုံမြို့နယ်၊အောင်မင်္ဂလာအဝေးပြေးဝင်းရှိ High Class ကားဂိတ်တွင်ယနေ့မနက်ပိုင်းက ပေါက်ကွဲမူဖြစ်ခဲ့ကြောင်း အဝေးပြေးဝင်းအတွင်းနေထိုင်သူများထံမှသိရသည်။
ယနေ့မနက် ၁၀ နာရီခန့်က အဆိုပါ ကားဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကာ စစ်ကောင်စီ လုံခြုံရေးတပ်များရောက်ရှိလာပြီးလမ်းများပိတ်ဆို့၍ လက်ကျန်ဗုံးများရှိမရှိရှာဖွေခြင်း၊ လမ်းသွားလမ်းလာများအားစစ်ဆေးမေးမြန်းခြင်းများပြုလုပ်နေသည်ဟုဆိုသည်။
High Class ယာဥ်လိုင်းမှာ မြန်မာပြည်အထက်ပိုင်း ခရီးစဥ်များကို ပြေးဆွဲပေးနေခြင်းဖြစ်သည်။
"ကားဂိတ်ပါဆယ်ဗူးကနေပေါက်တာလို့ကြားတယ်။ အခုလမ်းတွေပိတ်ထားတယ်"ဟု အဝေးပြေးယာဥ်မောင်းတစ်ဦးကပြောသည်။
ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းလည်းသိရသည်။ High Class ကားဂိတ်သို့ လူငယ့်ခေတ်က ဆက်သွယ်ရာတွင်မူ ဆက်သွယ်၍ မရခဲ့ပေ။
အောင်မင်္ဂလာအဝေးပြေးတွင် ယခင်ကလည်း ဗုံးနှစ်ကြိမ်ပေါက်ဖူးပြီး ယခုထပ်မံ၍ ပေါက်ကွဲခြင်း ဖြစ်သည်။ ထို့အပြင် ယမန်နေ့ညကလည်း အောင်မဂ်လာအဝေးပြေးဝင်းရှေ့ရှိထောက်လှမ်းရေးတပ်မှာ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။
Lu Nge Khit
No comments:
Post a Comment