ကလေးမြို့နယ်တွင် စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစတပ်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ စကစဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၆) ဦးသေဆုံး၊ ပြည်သူ့ကာကွယ်ရေးတပ်မှ (၇) ဦးကျဆုံး
Photo - ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ထမင်းဝိုင်း |
ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က ပြင်သာရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသော စကစတပ်များအား ကလေး ပကဖ တပ်ရင်း (၆) နှင့် တပ်ရင်း (၇) တို့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စကစနှင့် ပျူစောထီး (၁၆) ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော် (၇) ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ကနဦးတွင် စစ်ကောင်စီတပ်စွဲထားသော ပြင်သာစာသင်ကြောင်းအား ကလေး ပကဖ တပ်ဖွဲ့ဝင်အင်အား (၅၀) ခန့်ဖြင့် အနီးကပ်ဝင်လုံးပြီး တိုက်ခိုက်ကြခြင်းဖြစ်ပြီး ပျူစောထီးအဖွဲ့နှင့် စကစတပ်သား (၄) ဦးထိုင်နေသော စာသင်ကျောင်းအခန်းထဲအား လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ရာ (၄) ဦးစလုံးသေဆုံးခဲ့ကြောင်းသိရသည်။
ထို့နောက် စာသင်ကျောင်းဝန်းအတွင်း အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်ခဲ့ရာ ပကဖ တပ်ခွဲမှုးက စစ်ကောင်စီဗိုလ်ကြီး (၁) ဦးအား သေနတ်ဖြင့်တေ့ကာ ပစ်သတ်နိုင်ခဲ့ပြီး အဆိုပါဗိုလ်ကြီးအပါအဝင် သူ၏သားအငယ်၊ စကစနှင့်ပျူစောထီး (၁၂) ဦး သေဆုံးခဲ့ပြီး (၁၈) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကလေး ပကဖ ကထုတ်ပြန်သည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ တပ်ရင်း (၆) တပ်စုမှုးတစ်ဦး၊ တပ်သား (၃) ဦးနှင့် တပ်ရင်း (၇) မှ တပ်သား (၃) ဦး စုစုပေါင်း (၇) ဦးသည် အာဏာရှင်အား တော်လှန်ရင်း ကျဆုံးခဲ့ရကြောင်း သိရသည်။
ယနေ့ ၁၂ နာရီ ၄၀ မိနစ်အချိန်ဝန်းကျင်ခန့်တွင် စကစတပ်များ စည်သာဘုန်းကြီးကျောင်း အနီးတစ်ဝှိုက်၌ ထမင်းချက်စားနေကြပြီး ခန့်မှန်းအင်အား (၈၀) ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment