ဆွမ်ပီယန်ကျေးရွာတွင် စစ်ကောင်စီ ရဟတ်ယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်နေ၊ ဒေသခံများ ထိခိုက်မှုရှိ၊ နေအိမ် ၃ လုံး မီးလောင်
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာရှိ ဖေဖော်ဝါရီလ ၁ ရက်က KIA တိုက်ခိုက်သိမ်းပိုက်ထားသော စခန်းကို ယနေ့ ၄ နာရီမှစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
ထိုသို့ ရဟတ်ယာဉ် ၃ စီးနှင့် လာရောက်ပစ်ခတ်နေသောကြောင့် ဒေသခံများ၏ နေအိမ် ၃ လုံး မီးလောင်နေပြီး ပြည်သူများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။ ယခုလို ကျေးရွာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံများ ထိခိုက်မှုရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပါ။
“လေယာဉ်နဲ့လာပစ်လို့ နေအိမ်မီးလောင်လို့ ရွာထဲမှာ ကျနေတယ်။ အခုလည်း ပစ်နေတယ်။ ရဟတ်ယာဉ် ၂ စီးကပြန်သွားပြီ။ တစ်စီးက အခုပစ်နေဆဲ” ဟု ဆွမ်ပီယာန်ဒေသခံ တစ်ဦးက KNG ကို ပြောသည်။
ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ လုန်ရှာယန်ရှိ စစ်ကောင်စီ၏ စခန်းအချို့ကိုလည်း ရှင်းလင်းခဲ့သည်။
Kachin News Group
No comments:
Post a Comment