ရွှေဘိုမြို့နယ် ကျေးရွာများသို့ စစ်အုပ်စု ဝင်မွှေသောင်းကျန်းသဖြင့် ဒေသခံ(၅၀၀၀)ကျော် ထွက်ပြေးရ

ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ/Photo - ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေ

MFP ၊ ဖေဖေါ်ဝါရီ - ၂၄

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများသို့ ယနေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက် စစ်အုပ်စု ရုတ်တရက် ဝင်မွှေသောင်းကျန်းသဖြင့် ဂွေးပင်ကုန်းရွာ အပါအဝင် ကျေးရွာ(၁၀)ရွာမှ ဒေသခံပြည်သူ (၅၀၀၀)ကျော် ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ယနေ့ ဖေဖေါ်ဝါရီ(၂၄)ရက် နေ့လယ်ပိုင်းတွင် ရွှေဘိုမြို့နယ် ဂွေးပင်ကုန်းကျေးရွာသို့ အကြမ်းဖက် စစ်အုပ်စု အင်အားအများအပြားဖြင့် ရောက်ရှိလာကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး သောင်းကျန်းနေသဖြင့် ဒေသခံများ ထွက်ပြေးရခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုရန်ကြောင့် ဂွေးပင်ကုန်းရွာ အပါဝင် မောင်းတက်၊ အုန်းပေါက်၊ သဲကုန်း၊ ရွာသစ်ကုန်း၊ ငပိအိုး၊ ကံကြီးကုန်း၊ တကံသာ၊ ဆည်ကြီး၊ ကြိုးကြာစသည့် ရွာ(၁၀)ရွာမှ ဒေသခံပြည်သူ (၅၀၀၀)ကျော် ထွက်ပြေးနေရသည်ဟု ခင်ဦးသတင်းက ဖော်ပြသည်။

“ရွာထဲကို နေ့ခင်း(၁)နာရီလောက်က ဝင်လာတာ။ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းပစ်ပြီး ဝင်လာတာ။ လက်နက်ကြီးနဲ့ ပစ်လို့ ငပိအိုးရွာ ဘုန်းကြီးကျောင်းဝန်းထဲ တစ်လုံးကျတယ်၊ ဦးမြင့်အောင် အိမ်ပေါ် တစ်လုံးကျတယ်။ ရွာမြောက်ပိုင်း တစ်လုံးကျတယ်” ဟု  ဒေသခံတစ်ဦးက ပြောကြောင်း ခင်ဦးသတင်းက ဖော်ပြသည်။

စစ်အုပ်စုသည် ရွှေဘိုမြို့နယ်အပါအဝင် ရေဦး၊ ခင်ဦး၊ ဝက်လက်၊ ဒီပဲယင်း၊ တန့်ဆည် စသည့် ရွှေဘိုခရိုင်အတွင်း မြို့နယ်များရှိ ကျေးရွာများသို့ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်၊ နေအိမ်မီးရှို့၊ အဓမ္မပြုကျင့်၊ အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ထင်တိုင်းကျဲ ကျူးလွန်လျှက် ရှိသည်။

Mandalay Free Press - MFP

ရွှေဘိုမြို့နယ် ကျေးရွာများသို့ စစ်အုပ်စု ဝင်မွှေသောင်းကျန်းသဖြင့် ဒေသခံ(၅၀၀၀)ကျော် ထွက်ပြေးရ ရွှေဘိုမြို့နယ် ကျေးရွာများသို့ စစ်အုပ်စု ဝင်မွှေသောင်းကျန်းသဖြင့် ဒေသခံ(၅၀၀၀)ကျော် ထွက်ပြေးရ Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.