ကေအိုင်အေသိမ်းပိုက်ထားသည့် ဆွမ်ပီယန်စခန်းကို စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်နေ

ဓာတ်ပုံ - စစ်ကောင်စီတပ်က အသုံးပြုလေ့ရှိသည့် ရုရှားနိုင်ငံထုတ် Mi-24 အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ် (Photo Credit)

ပူတာအို - ဖေဖော်ဝါရီ ၃၊ ၂၀၂၂။ 

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ဒေသခံ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဆွမ်ပီယန်စခန်းကို ယနေ့မွန်းလွဲ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှတဆင့် တိုက်ခိုက်နေကြောင်း သိရသည်။

KIA နှင့် PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ယနေ့ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

"လေကြောင်းကနေ တိုက်တာ၊ သူတို့ရဲ့စခန်းပြန်ရဖို့ပေါ့။ ထိခိုက်မှုတော့ မသိသေးဘူး၊ အခုထိ စုံစမ်းနေတယ်" ဟု ဆိုသည်။

ဆွမ်ပီယန်စစ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေသခံပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေးသိမ်းရှောင်ခဲ့ပြီးဖြစ်သည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းအချို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင်လည်း မိုးညှင်းမြို့နယ် မော်ဟန်ရဲစခန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။


The 74 Media

ကေအိုင်အေသိမ်းပိုက်ထားသည့် ဆွမ်ပီယန်စခန်းကို စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်နေ ကေအိုင်အေသိမ်းပိုက်ထားသည့် ဆွမ်ပီယန်စခန်းကို စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်နေ Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.