ကရင်နီပြည်နယ်ထဲက ထွက်ပြေးနေတဲ့ စစ်ကောင်စီဝန် ထမ်းတွေ ရုံးပြန်တက်ဖို့ စစ်ကောင်စီ ညွှန်ကြား၊ ပြန်လာတက်ရင်အရေးယူမယ်လို့ကရင်နီပြည်ထဲရေးထုတ်ပြန်
ဖေဖော်ဝါရီ ၁၀ ရက်
တိုက်ပွဲများကြောင့် ထွက်ပြေးနေသည့် ကရင် နီ(ကယား) ပြည််နယ်က စစ်ကောင်စီဝန်ထမ်းတွေကို စစ်ကောင်စီက မူလတာဝန်များ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တာဝန်ထမ်းဆောင်ကြရန် စစ်ကောင်စီဒုဥက္ကဌက ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ကောင်စီဝန်ထမ်းများ ရုံးပြန်တက်ဖို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းက ၄င်း၏ ခရီးစဥ်အတွင်း ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဝန်ထမ်းများ ပြန်လာတာဝန်ထမ်းဆောင်ပါက ထိရောက်စွာအရေး ယူမည်ဟု ကရင်နီပြည်အစိုးရ ၊ ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်လိုက်သည်။
" တိုက်ပွဲတွေစဖြစ်တဲ့ ဒီးမော့ဆိုတို့၊ဖရူဆိုတို့ဘက်က စကစဝန်ထမ်းတွေက လွိုင်ကော်ရုံးတွေမှာစုပြီးရုံးတက်ကြနေကြတာ။ဇန်နဝါရီလဆန်းပိုင်းလောက် က လွိုင်ကော်မြို့ထဲမှာပါ တိုက်ပွဲတွေပြင်းထန်လာလို့လေယာဥ်နဲ့ပါ ဗုံးကြဲတော့ စစ်ကောင်စီဝန်ထမ်းတွေလည်းအကုန်ထပ်ပြီးပြေးနေကြရတာ။ ခုက ရုံးပြန်တက်ဖို့ခေါ်နေတာ" ဟု ဒီးမော့ဆိုမြို့ဒေသခံတ ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကရင်နီတပ်မတပ်မတော်များက ကရင် နီ(ကယား)ပြည်နယ်ကို ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီ၏ ယန္တရားများ ယိုယွင်းပျက်စီးလာနေပြီ ဖြစ်ခြင်းကြောင့် ၎င်းတို့၏ ဝန်ထမ်းများအား မူလ တာဝန်ထမ်းဆောင်ခဲ့ရာ ရာထူးအဆင့်နေရာများတွင် ပြန် လည်ထမ်း ဆောင်ကြစေရန် စည်းရုံးခေါ်ယူနေခြင်းဖြစ် ကြောင်း ကရင်နီပြည်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနက ရေးသားဖော်ပြထားသည်။
ကရင်နီပြည်နယ်အတွင်းမြို့နယ်အများအပြားတွင် တိုက် ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် စစ်ကောင်စီ ဝန် ထမ်းများအပါအဝင် ဒေသခံပြည်သူ ၁ သိန်း ၇ သောင်းကျော် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကြောင်း သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment