ပျဉ်းမနားရှိ ရပ်ကွက်ရုံး၊ မြဝတီဘဏ်နှင့် ကြံ့ဖွံ့ရုံးကို ပစ်ခတ်တိုက်ခိုက်ရာ စကစ သုံးဦးသေဟုဆို၊

ပုံစာ - နေပြည်တော်၌ လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေးနေသော စကစများ

နေပြည်တော်ရှိ စကစနှင့် ဆက်စပ်နေရာများကို နှစ်ရက်ဆက် တိုက်ခိုက်ခြင်းဖြစ်၊

ဖေဖေါ်ဝါရီ - ၁၃

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်ပိုင် မြဝတီဘဏ်နှင့် ကြံ့ဖွံ့ရုံးတို့ကို ယမန်နေ့ နေ့လယ်ပိုင်းက ဗုံးပစ်လောင်ချာနှင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ဖောက်ခွဲခဲ့ရာ စကစ သုံးဦးသေကြောင်း ပျဉ်းမနား တော်လှန်ရေးတပ်ဖွဲ့ - PRA က သတင်းထုတ်ပြန်သည်။

နေပြည်တော် မြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုများ၏ ပူးပေါင်း စစ်ဆင်ရေးအဖြစ် ယမန်နေ့ ဖေဖေါ်ဝါရီ(၁၂)ရက် မနက်(၁၁)နာရီကျော်က နေပြည်တော် ပျဉ်းမနားမြို့ ယောက်သွားအင်း ထွေအုပ်ရုံးကို (၇၉)ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခဲ့ပြီး နေ့လယ်(၁၂)နာရီခန့်တွင် ပျဉ်းမနားမြို့နယ် ကြံ့ဖွံ့ပါတီရုံးကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် နေ့လယ်(၁၂)နာရီကျော်တွင် ပျဉ်းမနားမြို့ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ကိုလည် ဗုံးထုတိုက်ခိုက်ခဲ့ကြောင်း PRA က ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများအနက် ပျဉ်းမနားမြို့ ယောက်သွားအင်း ထွေအုပ်ရုံးကို တိုက်ခိုက်မှုတွင် စကစ သုံးဦး သေပြီး မြဝတီဘဏ် ဗုံးထု တိုက်ခိုက်မှုတွင် စကစ တစ်ဦး ဒဏ်ရာရသည်ဟု ကနဦး သတင်းရထားကြောင်း PRA က ဆိုသည်။

စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်၌ တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေး ကြေညာပြီးနောက် အထက်ပါအတိုင်း နေပြည်တော် မြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ယမန်နေ့ ဖေဖေါ်ဝါရီ(၁၁)ရက် ညပိုင်းကလည်း နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၃)ရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ခွဲတိုက်ခိုက်ခဲ့ကာ (၇၉) လောင်ချာဖြင့် ပစ်ခတ်ခဲ့သလို တပ်ကုန်းမြို့ မြို့မဈေးအနီးနှင့် ပျဉ်းမနားမြို့ ဂွကြားရပ်ကွက်(ဘိုးဘွာရိပ်သာအနီး)ရှိ  ရေနံသိုလ်လောင်ရုံကိုလည်း နေပြည်တော် မြို့ပြပြောက်ကျား မဟာမိတ်များက ဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


Mandalay Free Press - MFP

ပျဉ်းမနားရှိ ရပ်ကွက်ရုံး၊ မြဝတီဘဏ်နှင့် ကြံ့ဖွံ့ရုံးကို ပစ်ခတ်တိုက်ခိုက်ရာ စကစ သုံးဦးသေဟုဆို၊ ပျဉ်းမနားရှိ ရပ်ကွက်ရုံး၊ မြဝတီဘဏ်နှင့် ကြံ့ဖွံ့ရုံးကို ပစ်ခတ်တိုက်ခိုက်ရာ စကစ သုံးဦးသေဟုဆို၊ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.