စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ မြို့အတွင်းမှ ထွက်သွားရန် ကောလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရအမိန့်ထုတ်ပြန်


မဲခေါင်၊ ဖေဖော်ဝါရီ ၁

စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ မြို့အတွင်းမှ ထွက်သွားရန် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့၌ ဒေသန္တရအမိန့်ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီမှ ပြည်သူပြည်သားများ၏ ‌ဆန္ဒမပါဘဲ မျက်နှာပြောင်တိုက်ကာ ကောလင်းနယ်သူနယ်သားများအပေါ် အတင်းအဓမ္မအုပ်ချုပ်နိုင်ရေးကြိုးပမ်း‌နေသည်ကို လက်မခံဘဲ အရှိန်မြင့်ဆန့်ကျင်ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် စစ်ကောင်စီယန္တရားတွင် ပါဝင်ဆောင်ရွက်‌နေသည့် ပညာတတ်ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်မတိုင်မီ ရုံးဌာန၊ နေအိမ်များမှ အပြီးတိုင်ထွက်ခွာသွားရန်နှင့် မြို့ဒေသခံဝန်ထမ်းများအနေဖြင့် အလုပ်မှနုတ်ထွက်၍ CDM ပြုလုပ်ရန် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသန္တရအမိန့်ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

အဆိုပါအချက် ၂ ချက်ကို လိုက်နာခြင်းမရှိပါက မိမိတို့ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်ကောင်စီယန္တရားတွင် ပါဝင်ဆောင်ရွက်‌နေသည့် ပညာတတ်ဝန်ထမ်းများကိုသာမက ယင်းဝန်ထမ်းများ၏ ပိုင်ဆိုင်မှုနှင့် မိသားစု၏ လုံခြုံရေးကို အာမခံချက်ပေးနိုင်မဟုတ်ကြောင်းကိုလည်း ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။


MeKong News - မဲခေါင်သတင်း

စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ မြို့အတွင်းမှ ထွက်သွားရန် ကောလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရအမိန့်ထုတ်ပြန် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ မြို့အတွင်းမှ ထွက်သွားရန် ကောလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရအမိန့်ထုတ်ပြန် Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.