ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွင် ဆက်ပြင်းထန်​နေပြီး အကြမ်းဖက်စစ်​ကောင်စီတပ်အထိနာ၍ တိုက်​လေယာဥ်ဖြင့်ထပ်မံဗုံးကြဲခဲ့


၂၀၂၂ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ ၁၉ ရက်။ 

ရှမ်း-ကယားနယ်စပ်ရှိ ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ) (၃)​နေရာတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ​သောအကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ယ​​နေ့ဖေဖော်ဝါရီ ၁၉ ရက်​နေ့တွင် တ​နေကုန်နီးပါး တိုက်ပွဲ​ဖြစ်ပွားခဲ့ပါသည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု ​မြေပြင်သတင်းအရသိရသည်။

အထိနာခဲ့သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည်  ခမရ ၄၂၂တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ (၅)နာရီအချိန်တွင် တိုက်​လေယာဥ် (၂)စီး စုစု​ပေါင်း (၄)စီးဖြင့် (၉)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ထို​ကြောင့် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ဝါှရီဆူးပလိုင်၊ ဝီသဲကူး(​မြောက်ရွာ)ရှိ စစ်​ဘေး​ရှောင်​နေအိမ် (၁၀)လုံးထက်မနည်းထပ်မံမီးရှို့ဖျက်စီးခဲ့သည့်အပြင် စစ်​ဘေး​ရှောင်​စခန်းတွင် လက်နက်ကြီး(၅)လုံးကျ​ရောက်​ပေါက်ကွဲခဲ့​ပြီး ​စစ်​ဘေး​ရှောင်ပြည်သူများသည် ဘေးလွတ်ရာသို့ထပ်မံတိမ်း​ရှောင်ခဲ့ရသည်ဟု ​​မြေပြင်သတင်းအရသိရှိရသည်။

အဆိုပါတိုက်ပွဲတွင်  ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်​သော ရဲ​ဘော်​​မောင်ဒေါမိနစ်သည် တိုင်းပြည်အတွက်အသက်​ပေးကာကွယ်သွားခဲ့ပါသည်။

တိုက်ပွဲအတွင်း ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်​ပေးကာကွယ်သွားခဲ့​သောရဲ​ဘော် ​​မောင်ဒေါမိနစ်သည် ပြည်သူ့အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဦးညွှတ်အပ်ပါသည်။


ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်

ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွင် ဆက်ပြင်းထန်​နေပြီး အကြမ်းဖက်စစ်​ကောင်စီတပ်အထိနာ၍ တိုက်​လေယာဥ်ဖြင့်ထပ်မံဗုံးကြဲခဲ့ ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွင် ဆက်ပြင်းထန်​နေပြီး အကြမ်းဖက်စစ်​ကောင်စီတပ်အထိနာ၍ တိုက်​လေယာဥ်ဖြင့်ထပ်မံဗုံးကြဲခဲ့ Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.