တန့်ဆည် ပေချောင်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ဖောက်ထွင်းခိုးယူနေ၊ တန့်ဆည်နယ်အတွင်း အကြမ်းဖက်သမားများက ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ မီးရှို့နေခြင်းဖြစ်၊

တန့်ဆည်မြို့နယ် ပေချောင်ရွာအတွင်းရှိ နေအိမ်များကို လက်နက်ကိုင် အကြမ်းဖက်သမားများက မီးရှို့နေစဉ်/Video – Taze News

ဖေဖေါ်ဝါရီ - ၉

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပေချောင်ရွာသို့ အကြမ်းဖက် လက်နက်ကိုင်များ စီးနင်းဝင်ရောက်ကာ ယနေ့ ညနေပိုင်းတွင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းး ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

“ခွေးတွေက ကျွန်တော်တို့ အပြစ်မဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတာပါ။ ရင်နာစရာ ကောင်းလိုက်တာဗျာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်စုသည် ယနေ့ ဖေဖေါ်ဝါရီ(၉)ရက်တွင် ပေချောင်ရွာသို့ အကြမ်းဖက် စီးနင်းဝင်ရောက်လာပြီးနောက် ညနေ(၄)နာရီခန့်မှ စတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ခြင်းနှင့် ရိုက်ချိုးဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း၊ ထို့အပြင် စျေးဆိုင်နှင့် နေအိမ်များကို ဖောက်ထွင်းခိုးယူ လုယက်ခြင်းနှင့် ကြက်၊ဝက်၊ အိမ်မွေးတိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်နေကြောင်း ဒေသခံများက ဆိုသည်။

အင်အား (၁၂၀)ခန့်ရှိသော အကြမ်းဖက် စစ်အုပ်စု လက်နက်ကိုင်များသည် ယမန်နေ့က တန့်ဆည်မြို့နယ် ပုတီးရွာအတွင်း အထက်ပါအတိုင်း နေအိမ်မီးရှို့ကာ ဖောက်ထွင်းလုယက် ခိုးယူပြီးနောက် ယနေ့တွင် ပေချောင်ရွာကို ထပ်မံ မီးရှို့ကာ ဖောက်ထွင်းလုယက် ခိုးယူခြင်း ဖြစ်သည်။

လက်နက်ကိုင် အကြမ်းဖက်သမားများသည် တန့်ဆည်နယ် ကျေးရွာများသို့ တစ်ရွာပြီးတစ်ရွာ စီးနင်း ဝင်ရောက်ကာ လူသတ်၊ ပစ္စည်းလု၊ နေအိမ်မီးရှို့ခြင်းများ ထင်တိုင်းကျဲ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်

စစ်တပ် အာဏာသိမ်းပြီးနောက် တန့်ဆည်မြို့နယ်အတွင်း စစ်ခွေး၊ ရဲခွေးနှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ (၉)ရွာမှ နေအိမ်အလုံး (၁၅၀)ခန့် မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ (၇)ရွာမှ အိမ်ခြေ(၂၅၀)ခန့် ရိုက်ချိုးဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့အပြင် တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖျက်ဆီး၊ ခိုးယူခံရမှုကြောင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သော ရွှေ၊ငွေ၊ ကျွဲ၊ နွားစသည့် တန်ဘိုးကြီး ပစ္စည်းများ ဆုံးရှုံးမှု ကျပ်သိန်း (၄၀,၀၀၀) ကျော် ရှိကြောင်း Taze News က ထုတ်ပြန်ထားသည်။


Mandalay Free Press - MFP

တန့်ဆည် ပေချောင်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ဖောက်ထွင်းခိုးယူနေ၊ တန့်ဆည်နယ်အတွင်း အကြမ်းဖက်သမားများက ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ မီးရှို့နေခြင်းဖြစ်၊ တန့်ဆည် ပေချောင်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ဖောက်ထွင်းခိုးယူနေ၊ တန့်ဆည်နယ်အတွင်း အကြမ်းဖက်သမားများက ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ မီးရှို့နေခြင်းဖြစ်၊ Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.