ဒီပဲယင်း၊စိုင်ပြင်နဲ့တန့်ဆည်က ဆည်မြောင်းဝန်ထမ်းတွေ ရုံးမတက်ရဲတော့လို့ ရေဦးရုံးမှာ စုပေါင်းတက်ဖို့ စစ်ကောင်စီကိုတောင်းဆို
ဓာတ်ပုံ - စစ်ကောင်စီ၏ဆည်မြောင်းဝန်ကြီးဌာန(ပုံဟောင်း) |
ဖေဖော်ဝါရီ ၉ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊စိုင်ပြင်နဲ့ တန့်ဆည်မြို့ နယ်က စစ်ကောင်စီရဲ့ ဆည်မြောင်းဝန်ထမ်းတွေ အဲ့ဒီမြို့တွေမှာရုံးမတက်ရဲတော့လို့ ရေဦးမြို့မှာပေါင်းပြီးရုံးတက် ဖို့ စစ်ကောင်စီကိုတင်ပြတောင်းဆိုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီပဲယင်း၊စိုင်ပြင်နဲ့ တန့်ဆည်မြို့တွေက စစ်ကောင်စီရဲ့ဆည်မြောင်းဝန်ထမ်းတွေအသက်အန္တရာယ်စိုးရိမ်နေရလို့ဆိုပြီး ရေဦးမြို့မှာစုပေါင်းပြီးရုံးတက်ဖို့ စစ်ကိုင်းတိုင်းစစ်ကောင်စီရုံးကိုတင်ပြတောင်းဆိုတာလို့ သိရပါတယ်။
'' ဒီလ ပထမပတ်ထဲကစပြီး တိုင်းရုံးကို စာတင်တာ။ ဒီပဲယင်းရယ် စိုင်ပြင်ရယ် တန့်ဆည်ရယ်က သူတို့ဆည် မြောင်းဝန်ထမ်းတွေရဲ့အသက်အန္တရာယ်စိုးရိမ်ရလို့ပေါ့။ သူတို့ ရေဦးဆည်မြောင်းရုံးမှာပေါင်းပြီး ရုံးတက်ချင်ပါတယ်ဆိုပြီး တင်ပြတာလို့သိရတယ်'' လို့ ရေဦးမြို့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံPDF တွေက စစ်ကောင် စီရဲ့ယန္တရားလည်ပတ်ဖို့ဆောင်ရွက်နေတဲ့ Non CDM ဝန် ထမ်းတွေအနေနဲ့ တခြားဒေသကဆိုပါက သက်ဆိုင်ရာနေရပ်တွေကိုပြန်ကြဖို့နဲ့ ဒေသခံဆိုပါက CDMလုပ်ဖို့သတိပေးထားတာတွေရှိတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့တရက်ထဲမှာဘဲ ရေဦးမြို့က စစ်ကောင်စီလက်အောက်ခံ ဆယ်နဲ့ချီတဲ့ ထွေအုပ်ဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်းတွေဟာ ဆက်လက်တာဝန်ထမ်းဆောင်းလိုခြင်းမရှိပါသဖြင့် ဟုဆိုကာ နှုတ်ထွက်စာများအပြိုင်အဆိုင်တင်ပြခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကပျက်သလောက်ဖြစ်နေပြီး မြို့ နယ်တိုင်းလိုလိုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအင်အားကောင်းနေတာကြောင့် စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နိုင်ဖို့ခက်ခဲနေတာလို့ သိရပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment