မဂ်လာဒုံမြို့နယ်ရှိ စစ်ကောင်စီထောက်လှမ်းရေးတပ်ဝင်း တိုက်ခိုက်ခံရ



ရန်ကုန်၊ ဖေဖော်ဝါရီ-၁၄

မဂ်လာဒုံမြိုနယ်၊အောင်မဂ်လာအဝေးပြေးဝင်းရှေ့ရှိ စစ်ကောင်စီထောက်လှမ်းရေးတပ်ဝင်းအတွင်း ယမန်နေ့ညက ၄၀မမ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်ံခံရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မူကို  Dictator Revolt Front(DRF)အဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်း အမှတ်အဖြစ်တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

ဗုံးပစ်ခံရခြင်းကြောင့်စစ်ကောင်စီတပ်အတွင်းထိခိုက်မူအခြေအနေမသိရသေးဘဲ ယနေ့မနက်တွင်တပ်ဝင်းတလျှောက်လုံခြုံရေးတိုးမြှင့်ချထားသည်ကိုတွေ့ရကြောင်း အောင်မဂ်လာအဝေးပြေးဝင်းမှယာဥ်မောင်းတစ်ဦးကပြောသည်။

"ည၈နာရီကျော်လောက်ကပေါက်ကွဲသံတချက်ကြားလိုက်တယ်။ ဘယ်ကမှန်းမသိဘူး။ မိုးလင်းမှထောက်လှမ်းရေးတပ်ထဲကမှန်းသိတာ"ဟု ၎င်းကပြောသည်။

မဂ်ဘာဒုံမြို့နယ်တွင် ဇန်နဝါရီ ၂၁ ကလည်း လေတပ်စခန်းဝင်းအတွင်း ဗုံးပစ်တိုက်ခိုက်ခံရပြီး ယခုအကြိမ်နှင့်ဆိုပါက ယင်းမြို့နယ်စစ်ကောင်စီတပ်ဝင်းမှာ ဒုတိယမြောက်တိုက်ခိုက်ခံရခြင်းဖြစ်သည်။


Lu Nge Khit

မဂ်လာဒုံမြို့နယ်ရှိ စစ်ကောင်စီထောက်လှမ်းရေးတပ်ဝင်း တိုက်ခိုက်ခံရ မဂ်လာဒုံမြို့နယ်ရှိ စစ်ကောင်စီထောက်လှမ်းရေးတပ်ဝင်း တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.