စစ်ဘေးရှောင်ပြည်သူအများအပြား လာရောက်တိမ်းရှောင်နေထိုင်နေသောနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
မဲခေါင်၊ ဖေဖော်ဝါရီ ၄
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီ ၄ မနက်က လက်နက်ကြီးဖြင့် (၇)ကြိမ် တိုင်တိုင်ပစ်ခတ်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး(၁)ဦး၊ အမျိုးသား(၃)ဦး စုစုပေါင်း(၄)ဦး ထိမှန်ခဲ့သည့်အပြင် ဘာသာရေးဆိုင်ရာအဆောက်အဦး(၂)လုံး၊ ကား(၂)စီးနှင့် အိုးအိမ်(၂)လုံးတို့ လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်။
နောင်ပုလဲကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင်ပြည်သူအများအပြား ခိုလှုံနေသောနေရာဖြစ်ပြီး စစ်ကောင်စီတပ်မှရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ရာချီသော စစ်ဘေးရှောင်ပြည်သူလူထုများနှင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထပ်မံ တိမ်းရှောင်နေရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦး(၉)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို အချက်အလက်စုဆောင်းရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment