စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန် ထမ်းဆောင်လျက်ရှိသော ကျောင်းဖြူကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံး

ဖေဖေါ်ဝါရီ ၂၄၊ SGG

​စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိသော စစ်ကိုင်းမြို့နယ် ကျောင်းဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်း အသက် (၄၂) နှစ် သေနတ်နဲ့ပစ်သတ်ခံရတယ်လို့သိရပါတယ်။

ယနေ့ ဖေဖေါ်ဝါရီလ ၂၄ရက် မနက်ပိုင်းက ကျောင်းဖြူရွာ မြောက်ဘက်တောထဲမှာ ပစ်ခတ်ခံရပြီး နေရာမှာပဲသေဆုံးသွားတယ်လို့သိရပါတယ်။

အုပ်ချုပ်ရေးမှူးများ စစ်ကောင်စီလက်အောက် မှ နှုတ်ထွက်ကြရန် သတိပေးထားပြီး ဖြစ်ပါတယ်။ နှုတ် ထွက်ခြင်းမရှိပဲ စစ်ကောင်စီ သတင်းပေးလုပ်နေတာကြောင့်  တိမ်ကြားမင်းခေါင်ပျောက်ကြားတပ်ဖွဲ့မှ ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန် ထမ်းဆောင်လျက်ရှိသော ကျောင်းဖြူကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံး စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန် ထမ်းဆောင်လျက်ရှိသော ကျောင်းဖြူကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံး Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.