လှိုင်သာယာမြို့မရဲစခန်းကို ယနေ့ညဦးပိုင်း ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Dictator Revolt Front(DRF)က လူထုနွေဦးသို့ အတည်ပြုသည်။
ယနေ့ည ၇ နာရီခန့်က လှိုင်သာယာ (၅)ထိပ်မှတ်တိုင်နှင့် ရုံးရှေ့မှတ်တိုင်ကြားရှိ စစ်ကောင် စီလက်အောက်ခံ မြို့မရဲစခန်းအား ဗုံးပစ်လောင်ချာနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DRF က ပြောသည်။
"၄၀ မမ ဗုံးပစ် လောင်ချာနဲ့ ပစ်ခဲ့တာပဲ။ အထိ အခိုက်အခြေအနေကတော့ မသိသေးဘူး။ ၆ နာရီ ၅၉ မိနစ်မှာပစ်ခဲ့တယ်။ အဆောက် အဦးထိပြီး ပေါက်ကွဲသံ ကြားရတယ်"ဟုDRFမှရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ DRF အနေဖြင့် အများပြည်သူအား ကာကွယ်မှုမရှိဘဲ အာ ဏာရှင်ကို ကာကွယ်ပေးနေသည့် စစ်ကောင်စီလက် အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် Non-CDM ဝန်ထမ်းများကို အရေးတော်ပုံအောင်သည်အထိ အသက်ပေးတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အများပြည်သူထံ သတင်း စကားပါးသည်။
People's Spring
No comments:
Post a Comment