(နေအိမ်များစွန့်ခွာထွက်ပြေးနေရသော ပဝကျေးရွာဒေသခံများကို တွေ့ရစဥ်) |
တနသ်ာရီမြို့နယ် ပဝကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာပြေးနေကြရကြောင်း တနသ်ာရီလွတ်မြောက်ရေးကွန်ရက်က ယနေ့(ဖေဖော်ဝါရီ ၁၈) ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များက ယနေ့နေ့လယ်ပိုင်းကတည်းက ပဝကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရသည့် ပဝကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ဖြင့် လူဦးရေ ၅,၀၀၀ ကျော်နေထိုင်ပြီး ယင်းကျေးရွာအနီးတွင် ယမန်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ပဝကျေးရွာအနီးဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း တနသ်ာရီ PDF က ထုတ်ပြန်ထားသည်။
People's Spring
တနသ်ာရီမြို့နယ် ပဝကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၊ ရွာလုံးကျွတ် ထွက်ပြေးနေရဟုဆို
Reviewed by THITHTOOLWIN
on
02:09
Rating:
No comments:
Post a Comment