မြို့ပြ​ပျောက်ကြားအဖွဲ့များက လှိုင်သာယာတွင်ကင်းလှည့်နေသည့် စစ်​ကားသုံးစီးကို ဗုံးခွဲ၊ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရ

ပုံစာ - ၂၀၂၁ ​ဖေ​ဖော်ဝါရီ လလယ်က ဆန္ဒပြများကို ဖြိုခွဲရန်​စောင့်ကြည့်​နေ​သော စစ်​ကောင်စီတပ်သားများ။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ကင်းလှည့်နေသည့် အာဏာသိမ်းစစ်​ကောင်စီတပ်ကား သုံးစီးကို မြို့ပြပျောက်ကြားတပ်ဖွဲ့များက ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) ညနေပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိဖွယ်ရှိကြောင်း From Zero To Hero (ZTH) က ထုတ်ပြန်သည်။

ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် လှိုင်သာယာမြို့နယ် အောက်ထိပ်မှတ်တိုင်အနီးတွင် ကင်းလှည့်လာသော စစ်ကား သုံးစီးကို From Zero To Hero (ZTH) နှင့် Spring Revolution Flames (SRF) မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အဆိုပါ စစ်ကားလာမယ့်လမ်းကြောင်းကို ဗုံး သုံးလုံး ကြိုတင်စီစဉ်ပြီး ဖောက်ခွဲခဲ့ကာ ယင်းပေါက်ကွဲမှုကြောင့် စစ်ကားနောက်ဆုံးတစ်စီးမှာ ပိုမိုထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဝင်များ အထိအခိုက်ရှိခဲ့ကြောင်း လည်းပါရှိသည်။

" မီးခွက်ဈေးအောက်ထိပ်မှာ ညနေက စစ်ကား ဗုံးခွဲခံရတာပါ။ အခု ၆ နာရီလောက်ထိ မီးခွက်စျေး အနီးတစ်ဝိုက်ကို စစ်သားတွေ ပိတ်ပြီး စစ်နေကြတယ်။ အရပ်ဝတ်တွေလဲ အများကြီးပဲ။ လူနာတင်ကားတွေ သွားနေတာလည်း တွေ့ရတယ်။ စစ်သားတွေ ထိခိုက်မှု ရှိတယ် ထင်ပါတယ်။ လမ်းပိတ်ထားတော့ သေချာတော့ မမြင်ရပါဘူး " ဟုလှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုအပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းလုံခြုံရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ယခုထက် ပိုမို၍ တော်လှန်ရေး အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ပေါက်ကွဲမှုအပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာပြီး လှိုင်သာယာ၊ မီးခွက်ဈေးအောက်ထိပ်၌ လမ်းများပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။


People's Spring 

မြို့ပြ​ပျောက်ကြားအဖွဲ့များက လှိုင်သာယာတွင်ကင်းလှည့်နေသည့် စစ်​ကားသုံးစီးကို ဗုံးခွဲ၊ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရ မြို့ပြ​ပျောက်ကြားအဖွဲ့များက လှိုင်သာယာတွင်ကင်းလှည့်နေသည့် စစ်​ကားသုံးစီးကို ဗုံးခွဲ၊ စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.