စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်သား ၄၀ခန့်လိုက်ပါလာသည့် ၁၂ဘီးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်
ဖေဖေါ်ဝါရီ ၈
စစ်ကိုင်းမြို့နယ်အတွင်း စစ်ကိုင်း-ရွှေဘိုကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ၁၂ဘီးကားတစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဆားတောင်မြို့ ညောင်ငုပ်တိုရွာအနီးကို တောနင်းခဲ့ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ခန့်က ဒိုင်နာတစီးနှင့် အိမ်စီးကား၄စီး အသုံးပြုပြီး ဆားတောင်အရောက်မှာ ၁၂ဘီးကားပြောင်းပြီး စစ်ကိုင်းဘက်ထွက်လာရာ ယနေ့ဖေဖေါ်ဝါရီလ ၈ရက်နေ့ နေ့လည် ၂:၅၅နာရီအချိန်မှာ စစ်ကိုင်းမြို့နယ် ရုန်ပင်ကန်ရွာအလွန် ဂရိတ်ဆီဆိုင်အနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။
ဒီတိုက်ခိုက်မှုကိုတော့ စစ်ကိုင်းခရိုင်တပ်ရင်း(၃ )မှ ရဲဘော်များနှင့် စစ်ကိုင်းမြို့နယ် ပ.က.ဖတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက "ကျနော်တို့ ရှေ့ထွက်မိုင်း ၄လုံးနဲ့ဆွဲလိုက်တာ၊ ဒီကောင်တွေအကျအဆုံးများနိုင်တယ်၊ အုန်းတောတပ်ထဲကနေ အမြှောက်နဲ့ရမ်းပြီးပစ်တယ်ဗျ" လို့ပြောပါတယ်။
မိုင်းဆွဲခံရတဲ့နေရာကို လူနာတင်ယာဉ် ၅စီးနဲ့ ရောက်လာပြီး သေဆုံးထိခိုက်တဲ့စကစတပ်သားတွေကို တင်ဆောင်သွားတယ်လို့သိရပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment