ထားဝယ်မြို့ပေါ်ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟကို စစ်ကြောရေးမှာဓားနဲ့ထိုးပြီးနှိပ်စက်


တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၀ 

ထားဝယ်မြို့ပေါ်က ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟဆိုတဲ့အမျိုးသားကိုစစ်ကြောရေးမှာ ဓားနဲ့ထိုးပြီး နှိပ်စက်ခဲ့တယ်လို့ မိတ်ဆွေဖြစ်သူနဲ့နီးစပ်သူတွေထံကသိရပါတယ်။ 

ကိုဝင်းသီဟကို ဖေဖော်ဝါရီလ ၇ ရက်ညက ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်က New Light ဟိုတယ်မှာ စစ်ကောင်စီလက်အောက်ခံစရဖအဖွဲ့တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေကဆိုပါတယ်။ 

ကိုဝင်းသီဟကို စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်တာတွေအပြင် ဓားနဲ့ထိုးပြီးနှိပ်စက်ခဲ့တယ်လို့ ကိုဝင်းသီဟရဲ့အသိမိတ်ဆွေနဲ့ နီးစပ်သူတွေကပြောပါတယ်။ 

"ဓားနဲ့ ထိုးပြီးနှိပ်စက်ခံရလို့ စစ်တပ်ဆေးရုံကိုပို့ထားတယ်လို့ သိရတယ်။ ဒဏ်ရာများလို့စိုးရိမ်ရတယ်လို့ပြောတယ် " လို့ ကိုဝင်းသီဟနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ 

ကိုဝင်းသီဟနဲ့အတူ ဖမ်းဆီးခဲ့ခဲ့ရတဲ့ ကိုကျော်မင်းနိုင်ဆိုသူကိုတော့ သတင်းအစအနမသိရသေးဘူးလို့ သူတို့နဲ့နီးစပ်သူတွေကဆိုပါတယ်။ 


The Tanintharyi Times


ထားဝယ်မြို့ပေါ်ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟကို စစ်ကြောရေးမှာဓားနဲ့ထိုးပြီးနှိပ်စက် ထားဝယ်မြို့ပေါ်ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟကို စစ်ကြောရေးမှာဓားနဲ့ထိုးပြီးနှိပ်စက် Reviewed by THITHTOOLWIN on 21:43 Rating: 5

No comments:

Powered by Blogger.