"စခတ(၁၀)တပ်ကို ပုံမှန်ဈေးဝယ်ပေးသည့် ရိက္ခာတာဝန်ခံတစ်ဦး တပ်ကပေးလိုက်သော သံတိုသံစထုတ်ကို ‌ပြန်ရောင်းရန် ယူလာစဉ် အထုတ်ထဲမှ ပေါက်ကွဲမှုဖြစ်ပွား"


26.2.2022(SAT) 

ယနေ့ ဖေဖော်ဝါရီ(၂၆)ရက်၊ နေ့လည် ၂ နာရီ ၁၅ ခန့်တွင် အရာတော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သံတိုသံစရောင်းဝယ်သောဆိုင်တစ်ဆိုင်ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ 

အရာတော်အရှေ့တပ်(စခတ-၁၀) ဈေးဝယ်တာဝန်ခံ ကိုမိုးဆိုသူသည် ယနေ့ နေ့လည် ၂ နာရီခန့်တွင် အမှတ်(၃)ရပ်ကွက်ရှိ သံတိုသံစဝယ်ယူသောဆိုင်သို့ သုံးဘီးဆိုက်တွဲဖြင့်ရောက်ရှိလာပြီး တပ်ထဲမှ ၎င်းကို ပေးလိုက်သော သံတိုသံစအထုတ်ကို ပြန်လည်ရောင်းချရန် ဆိုင်ရှေ့သို့ အချတွင် အဆိုပါအထုတ်က ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"အသံက အကျယ်ကြီးပဲ။ မြေကြီးပါ တုန်သွားတာ။ ခါတိုင်းတော့ မြို့ထဲ အသံကြားတာနဲ့ စစ်သားတွေ ရောက်ရောက်လာတာပဲ။ ဒီတခါကျ ခဏနေတော့ ရဲသား ၄၊ ၅ ယောက်လောက်ပဲ လာကြည့်တယ်။ လူကတော့ သွေးတွေရဲနေတာပဲ။ ခြေထောက်ထိသွားတယ်လို့ ပြော‌တယ်။"ဟု မျက်မြင်မြို့ခံတစ်ဦးက သတင်းမှန်ကို အတည်ပြုပေးထားသည်။

ထိခိုက်ဒဏ်ရာရသွားသူ ကိုမိုးသည် ယခင်ကတည်းက စခတ(၁၀)တပ်အတွက် ၃ ဘီးဆိုက်တွဲဖြင့် ရိက္ခာပုံမှန်ဝယ်ယူပို့ဆောင်ပေးသူဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက် အရှေ့တပ်မှ ဈေးကားလည်း အရာတော်မြို့တွင်းသို့ မလာရဲတော့သဖြင့် ၎င်းက အရှေ့တပ်အတွက် ရိက္ခာစိုကို တာဝန်ယူပို့ဆောင်ပေးနေခဲ့သည်ဟု နီးစပ်အသိုင်းအဝိုင်းထံမှ သိရှိရသည်။


အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

"စခတ(၁၀)တပ်ကို ပုံမှန်ဈေးဝယ်ပေးသည့် ရိက္ခာတာဝန်ခံတစ်ဦး တပ်ကပေးလိုက်သော သံတိုသံစထုတ်ကို ‌ပြန်ရောင်းရန် ယူလာစဉ် အထုတ်ထဲမှ ပေါက်ကွဲမှုဖြစ်ပွား" "စခတ(၁၀)တပ်ကို ပုံမှန်ဈေးဝယ်ပေးသည့် ရိက္ခာတာဝန်ခံတစ်ဦး တပ်ကပေးလိုက်သော သံတိုသံစထုတ်ကို ‌ပြန်ရောင်းရန် ယူလာစဉ် အထုတ်ထဲမှ ပေါက်ကွဲမှုဖြစ်ပွား" Reviewed by THITHTOOLWIN on 01:06 Rating: 5

No comments:

Powered by Blogger.