MFP ၊ ဖေဖေါ်ဝါရီ - ၂၆
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာနေ စစ်ကောင်စီ သတင်းပေးဒလန် စိုးငယ်ဆိုသူ ယနေ့ ညနေပိုင်းတွင် အသတ်ခံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
“အခု ညနေ (၄)နာရီဝန်းကျင်လောက်က ဝင်ပစ်သွားတာတဲ့။ ပွဲချင်းပြီး သေတယ်လို့ ကြားတယ်”ဟု မန္တလေးမြိုကခံ တစ်ဦးက ဆိုသည်။
အဆိုပါ ပုသိမ်ကြီးမြို့နယ် လက်ကောင်းရွာနေ စကစ သတင်းပေးဒလန် စိုးငယ်ကို ယနေ့ ဖေဖေါ်ဝါရီ(၂၆)ရက် ညနေ(၃)နာရီခွဲဝန်းကျင်က သုတ်သင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Mandalay Youth Special Forces — MYSF က ထုတ်ပြန်သည်။
“လက်ကောင်းရွာရှိ သတင်းပေး ဒလန် စိုးငယ် ကို ရင်ဘက်အနှံ့ နှတ်ခမ်းနီ သုံးတောင့် ပို့ပေးလိုက်ပါတယ် ။ စကစ သတင်းပေးမှုများ ပြုလုပ်နေ၍ စာဖြင့်တစ်ခါ ဗုံးဖြင့်တစ်ဖုံ အကြိမ်ကြိမ် သတိပေး တားမြစ်ထားပါလျက် ရှေ့ဆက်တိုးနေသောကြောင့် သုတ်သင်လိုက်ခြင်း ဖြစ်ပါတယ်” ဟု MYSF က ဖော်ပြသည်။
စစ်ကောင်စီက မြို့ပြပြောက်ကျား ရဲဘော်များနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် ထင်တိုင်းကျဲ အကြမ်းဖက် ဖိနှိပ်နေသော်လည်း မြို့ပြပြောက်ကျား လှုပ်ရှားမှုများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်လက်ပေါ်ပေါက်နေဆဲ ဖြစ်ပြီး မန္တလေးမြို့၌ စစ်ကောင်စီနှင့် ဆက်စပ်သူများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
Mandalay Free Press - MFP
No comments:
Post a Comment