ခင်ဦးနယ်တွင် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၅ ဦးခန့်သေဆုံးဟုဆို

(ယနေ့ အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲနေမှုကြောင့် တိတ်ဆိတ်ခြောက်ကပ်နေသော ခင်ဦးမြို့စျေးကို တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့(ဖေဖော်ဝါရီ ၁)ညပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့ ညနေ ၄နာရီခန့်က မူးမြစ်ကိုဖြတ်ကူးကာ ၎င်းတို့ ယာယီတပ်စွဲစခန်းအဖြစ်ပြုလုပ်ထားသော ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ပြန်လာရာစဥ် နယ်မြေခံကာကွယ်ရေးတပ်ပေါင်းစု၏ မိုင်းဆွဲ တိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

"အရင်ကလည်း အဲ့လမ်းကြောအတိုင်းပဲ ဖြတ်သွားဖြတ်လာလုပ်နေတာ၊ဒီနေ့တော့ အင်တိုင်းကျေးရွာအနောက် မူးမြစ်ကမ်းပါးအတက် အနီးမှာ မိုင်းဆွဲခဲ့တာ သူတို့ဘက်ကအင်အားများတယ်၈၀လောက်ရှိမယ် ၊၁၅ကောင် မကဘူးသေတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်"ဟု  နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

ခင်ဦးမြို့ပေါ်တွင်လည်း အသံတိတ်သပိတ်အောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ယနေ့ညနေပိုင်းက မိုင်းခွဲ ဂုဏ်ပြုခဲ့ရာ စစ်ကောင်စီတပ်သားများ မြို့အတွင်း လှည့်ပတ်ကာ သေနတ်များပစ်ဖောက်ခြိမ်းခြောက်ခဲ့သည်။

သို့သော်ခင်ဦးမြို့နယ်နှင့်ဆက်စပ်သည့် ကောလင်းနှင့်ရေဦးမြို့တို့တွင် ပြည်သူများ အသံတိတ်သပိတ်ပါဝင်နေချိန်  ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်၊အထွက် လုံခြုံရေးယူ၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။


People's Spring

ခင်ဦးနယ်တွင် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၅ ဦးခန့်သေဆုံးဟုဆို ခင်ဦးနယ်တွင် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၅ ဦးခန့်သေဆုံးဟုဆို Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.