တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ အလစ်တိုက်ခံရပြီး တူမီးဖြင့်သာခုခံနိုင်ခဲ့၍ (၁၆) ဦးကျဆုံး


ကန့်ဘလူ၊ ဖေဖော်ဝါရီ (၈)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ် ကိုးတောင်ဘို့တိုက်ပွဲ၌ ဒေသခံတော်လှန်ရေးရဲဘော် (၁၆) ဦးအထိ ကျဆုံးခဲ့ကြောင်း Kotaungbo Revolution KTB-R အဖွဲ့က ယနေ့ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၄) ရက်နေ့က ကိုးတောင်ဘို့ရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းကျန်ရှိနေသည့် ပြည်သူများထွက်ခွာနိုင်ရန် တိုင်ပင်ဆွေးနေစဉ် အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် ကင်းထောက်ခဲ့သည်ကို ၎င်းတို့အနေဖြင့် မသိရှိခဲ့ဟု ဆိုသည်။

ထို့နောက် ကိုးတောင်ဘို့ရွာအနီး ကျွန်းကုန်ရွာထိပ်တွင် ကင်းချရန်စီစဉ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များထံ စစ်ကောင်စီတပ်များ ရှောင်တခင်ရောက်ရှိလာပြီး ပစ်ခတ်တိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီလက်ပါးစေများက ကျေးရွာလမ်းကြားများမှ ရုတ်တရက်ရောက်လာသည့်အတွက် မတိမ်းရှောင်နိုင်ဘဲ လက်လုပ်တူမီးသေနတ်များဖြင့် ခုခံတိုက်ခိုက်ရင်း တော်လှန်ရေးရဲဘော် (၁၆) ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်က ရွာထိပ်အထပ်မြင့်အဆောက်အဦးနှစ်ခုပေါ်မှနေ၍ လက်နက်ကြီးများဆင်၍ တရစပ်ပစ်ခတ်ကာ ကူပစ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

ကိုးတောင်ဘို့တော်လှန်ရေးအဖွဲ့က ၎င်းတို့၏ ကျဆုံးရဲဘော်များအတွက် အထူးဝမ်းနည်းကြောင်းနှင့် စွန့်လွှတ်အနစ်နာခံမှုများကို အမြဲအမှတ်ရနေမည်ဟု မှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ထားသည်။


Lu Nge Khit

တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ အလစ်တိုက်ခံရပြီး တူမီးဖြင့်သာခုခံနိုင်ခဲ့၍ (၁၆) ဦးကျဆုံး တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ အလစ်တိုက်ခံရပြီး တူမီးဖြင့်သာခုခံနိုင်ခဲ့၍ (၁၆) ဦးကျဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5

No comments:

Powered by Blogger.