ကျောက်ပန်းတောင်းတွင် စစ်ကား မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရမ်းကားပစ်ခတ်၊ အမျိုးသမီးငယ် တစ်ဦး သေနတ်မှန် ဒဏ်ရာရ၊


ဖေဖေါ်ဝါရီ - ၁

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် စစ်ကားတန်း မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရမ်းကား ပစ်ခတ်သဖြင့် ဆိုင်ကယ်ဖြင့် ယာတောသို့ သွားလာနေသော အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေနတ်မှန် ဒဏ်ရာရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဖေဖေါ်ဝါရီ(၁)ရက် ညနေ(၃)နာရီကျော်အချိန်က အများပြည်သူ Silent Strike တွင် ပါဝင်နေချိန်တွင် စစ်အုပ်စုက ကင်းပတ်သည်ဟု အကြောင်းပြကာ မြို့ပေါ် လှည့်ပတ်သွားလာနေချိန် ကျောက်ပန်းတောင်းမြို့၊ သီရိမင်္ဂလာရပ်ကွက်၊ ပုပ္ပါး-ကျောက်ပန်းတောင်းလမ်း၊ အရှေ့မြို့ရှောင်လမ်းတွင် ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ စစ်ကားတန်း မိုင်းဆွဲခံရပြီးနောက် ကားပေါ်ပါ စစ်အုပ်စုက ရမ်းကားရန်ပြုကာ ပစ်ခတ်သဖြင့် ဆိုင်ကယ်ဖြင့် ယာခင်းသို့ သွားနေသော ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုရွာသစ်ကျေးရွာနေ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေနတ်မှန် ဒဏ်ရာရသည်ဟု ဆိုသည်။

ပေါက်ကွဲမှုသည် ပြင်းထန်ပြီး မီးခိုးလုံးများပင် မြင်တွေ့ရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် စကစများ ထိခိုက်သေဆုံးမှု ရှိ၊မရှိနှင့် မည်သည့်အဖွဲ့၏ လက်ချက်ဆိုသည်ကိုမူ MFP အနေဖြင့် မသိရသေးပါ။

စစ်အုပ်စုသည် ၄င်းတို့ တိုက်ခိုက်ခံရတိုင်း အရပ်သားပြည်သူများအပေါ် ရမ်းကားရန်ပြုလေ့ရှိသည်။


Mandalay Free Press - MFP

ကျောက်ပန်းတောင်းတွင် စစ်ကား မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရမ်းကားပစ်ခတ်၊ အမျိုးသမီးငယ် တစ်ဦး သေနတ်မှန် ဒဏ်ရာရ၊ ကျောက်ပန်းတောင်းတွင် စစ်ကား မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရမ်းကားပစ်ခတ်၊ အမျိုးသမီးငယ် တစ်ဦး သေနတ်မှန် ဒဏ်ရာရ၊ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.