တန်ဆည်တွင် အိမ်များဖျက်ဆီးပြီးပြန်လာ​ သောစစ်​ကောင်စီတပ် မိုင်းပ​ဒေသာမိ၍ ၁၀ဦး​ထက်မနည်းသေဆုံး


တန့်ဆည်မြို့တွင် ပြည်သူလူထူနေအိမ်များအား စစ်ကြောင်းထိုးဖျက်ဆီးပြီး ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းပ​ဒေသာခွဲတိုက်ခိုက်ရာ ဆယ်ဦးထက်မနည်း သေဆုံးသွား​ကြောင်း သတင်းရရှိသည်။

တန့်ဆည်မြို့ ပေချောင်နှင့် ခရုတောကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၁ရက်)နေ့လယ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

" စစ်ခွေးတွေ စုစုပေါင်း ၁၁၄ကောင် ခြေလျင်တက်လာတာ။ မိုင်းပဒေ သာဆင်ပြီး ခွဲတာ။ ဆယ်ကောင်ထက်မနည်းသေတယ်။ ကျွန်တော်တို့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်" ဟု တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကPeople's Spring သို့ပြောသည်။

တန့်ဆည်တွင် ယနေ့ စစ်ကောင်စီအား အထိနာအောင်တိုက်ခိုက်ခဲ့သလို အနီးဝန်းကျင်မြို့များဖြစ်သည့် ယင်းမာပင်၊ဒီပဲယင်း၊ ကနီမြို့နှင့် ပုလဲမြိုတို့တွင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလုံခြုံရေးစောင့်ပေးကာလူထုသပိတ်များ မြိုင်မြိုင်ဆိုင်ဆိုင်ပြုလုပ်ခဲ့ကြသည်။


People's Spring 

တန်ဆည်တွင် အိမ်များဖျက်ဆီးပြီးပြန်လာ​ သောစစ်​ကောင်စီတပ် မိုင်းပ​ဒေသာမိ၍ ၁၀ဦး​ထက်မနည်းသေဆုံး တန်ဆည်တွင် အိမ်များဖျက်ဆီးပြီးပြန်လာ​ သောစစ်​ကောင်စီတပ် မိုင်းပ​ဒေသာမိ၍ ၁၀ဦး​ထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.