စစ်ကောင်စီခန့်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော် ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိ၊လိုက်ပါလာသော စစ်ကောင်စီတပ်သားများခြေပြတ်လက်ပြတ်ဖြစ်ဟုဆို


ဖေဖော်ဝါရီ၂၁၊ မုံရွာ

စစ်ကောင်စီခန့်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်း ယမန်နေ့ဖေဖော်ဝါရီ၂၀ရက်နေ့က ယင်းမာပင်မြို့နယ်တွင်မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း မုံရွာချင်းတွင်းရိုးမသတင်းရင်းမြစ်ကပြောသည်။

"မနေ့က စစ်ကောင်စီခန့်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်း မိုင်းဆွဲခံရတယ်၊ယင်းမာပင်ဘက်မှာ၊အဲ့တာသူ့နောက်လိုက်ကောင်တွေခြေပြတ်လက်ပြတ်ဖြစ်တယ်လို့သိရတယ်"ဟုဆိုသည်။ 

၎င်း၏ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ခြေပြတ်လက်ပြတ်ဖြစ်သည်ဟုသိရှိရပြီး သတင်းများမပေါ်ထွက်အောင် ဖုံးဖိထားတယ်လို့သိရသည်။


Chindwin Yoma Media

စစ်ကောင်စီခန့်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော် ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိ၊လိုက်ပါလာသော စစ်ကောင်စီတပ်သားများခြေပြတ်လက်ပြတ်ဖြစ်ဟုဆို စစ်ကောင်စီခန့်စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော် ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိ၊လိုက်ပါလာသော စစ်ကောင်စီတပ်သားများခြေပြတ်လက်ပြတ်ဖြစ်ဟုဆို Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.