မတ္တရာမြို့ပေါ် ညအချိန် လှည့်ပတ်သောင်းကျန်းနေသော စကစများ မိုင်းဆွဲတိုက်ခိုက်ခံရ၊


ဖေဖေါ်ဝါရီ - ၂၈

မန္တလေးတိုင်း မတ္တရာမြို့ ကျေးလက်ဖွံ့ဖြိုးရေးရုံးအနီး၌ ယနေ့ ညပိုင်းတွင် စကစများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဖေဖေါ်ဝါရီ(၂၈)ရက် ည(၈)နာရီခွဲဝန်းကျင်က မတ္တရာမြို့ ကျေးလက်ဖွံ့ဖြိုးရေးရုံးအနီး  စကစတပ်ဖွဲ့ဝင် (၁၀)ဦးကျော် ရှိနေသော မန်ကျည်းသုံးပင် စကစစစ်ဆေးရေးအဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဟု ဆိုသည်။

မတ္တရာမြိုကပေါ် ညအချိန် လှည့်ပတ်မွှေနှောက် သောင်းကျန်းနေသော စစ်အုပ်စုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မတ္တရာက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မတ္တရာ - ပကဖ နှင့် နီးစပ်သူ တစ်ဦးက MFP သို့ ပြောသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြားရပြီး ပြင်းထန်သော ပေါက်ကွဲမှုကြောင့် အမှုန်အခဲများ ပေ(၁၀၀၀)ကျော်အကွာရှိ နေအိမ်ခေါင်မိုးများပေါ်အထိ ကျရောက်ခဲ့ကြောင်း ဒေသခံများက သတင်းပို့သည်ဟု အဆိုပါ မတ္တရာ - ပကဖ နှင့်နီးစပ်သူက ဆိုသည်။ 

ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။ 

မတ္တရာနယ်အတွင်း စစ်အုပ်စုက ညအချိန် လှည့်ပတ်မွှေနှောက်လေ့ရှိသလို ကျေးရွာများသို့လည်း ဝင်မွှေကာ ဒေသခံ အရပ်သားပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် နေအိမ်မီးရှို့ခြင်းများ ကျူးလွန်လျှက် ရှိသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ(၂၁)ရက် ညပိုင်းကလည်း မတ္တရာမြို့နယ် အရှေ့ပိုင်း မန်ကျည်းကုန်းရွာနှင့် ရွာသာယာအကြားတွင် ကင်းပတ်လှည့်လည်နေသော စကစများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်အုပ်စု အသေများမည်ဟု ဒေသခံများက ဆိုသည်။


Mandalay Free Press - MFP

မတ္တရာမြို့ပေါ် ညအချိန် လှည့်ပတ်သောင်းကျန်းနေသော စကစများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ မတ္တရာမြို့ပေါ် ညအချိန် လှည့်ပတ်သောင်းကျန်းနေသော စကစများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.