ကျိုက်ထို၊ ဖေဖေါ်ဝါရီ ၁
ကျိုက်ထိုမြို့နယ်၊ ခမောက်ကျေးရွာအနီးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခံခဲ့ရတဲ့ ဒေသခံတွေအနက် တိုက်ပွဲအတွင်း ၂ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးသွားတယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။
အဆိုပါနေ့ နေလည် ၂ နာရီခန့်မှာ စစ်ကောင်စီတပ်ဘက်က ဒေသခံတွေကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်ပြီး လမ်းပြခိုင်းစဉ် ခမောက်ကျေးရွာနားမှာ KNLA တပ်မဟာ(၁)၊ တပ်ရင်း(၃)အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ခေါ်ဆောင်ခံခဲ့ရတဲ့ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာရသူတွေအနက် ၁ ဦးသေဆုံးကာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရမှုအခြေနေကိုတော့ မသိသေးဘူးလို့ ဆိုပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့KNLA တပ်မဟာ(၁)၊ တပ်ရင်း(၃)၊ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း ကင်းထောက်မှုတွေပါ လုပ်နေတာဖြစ်ပါတယ်။
သတင်း - သံလွင်တိုင်းမ်
No comments:
Post a Comment