ချောင်းဦးမြို့နယ်မှ ပျူစောထီး သတင်းပေး အမျိုးသမီး (၁)ဦး သတ်ခံရ


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊၂၈ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာ ပျူစောထီးအဖွဲ့ဝင် ဒေါ်စောဝင်းအားဖေဖော်ဝါရီလ၊၂၈ရက် နေ့လည် ၁၂နာရီ၅၅မိနစ်ခန့်  တွင် ဗိုလ်တောက်ပနှင့်အဖွဲ့သားများက ​‌ေသနတ်ဖြင့် သုတ်သင်ရှင်းလင်းခဲ့ကြောင်းသိရသည်။

​ေသဆုံးသူ ပျူစောထီး ဒေါ်စောဝင်း မှာ ယခင်ကတောင်သူလုပ်ကိုင်ပြီး ကုလားကြီးကျေးရွာအုပ်စု ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့် ကုလားကြီးကျေးရွာအုပ်ချုပ်ရေးမှူး၊ ကံဇီးရွာသား ငလှ၏ မိန်းမနှင့် ညီမတော်စပ်သူဖြစ်ကာ ေ-သဆုံးသူ၏ သား၊သမီးများမှာလည်း ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရသည်။

ပျူစောထီးအဖွဲ့ဝင် ဒေါ်စောဝင်း သေဆုံးပြီးနောက်သေဆုံးသူ၏ သားများနှင့်အပေါင်းအပါပျူစောထီးများမှာ ၎င်းတို့နှင့်အမြင်မတူသည့် ကုလားကြီးကျေးရွာမှ ဦးဖိုးတွတ်၊ ဒေါ်သန်းသန်းမြိုင်၊ ‌ ဒေါ်ကြည်ညွန့်၊ မအိမိုး တို့ (၄)ဦးအား စစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးသွားကြောင်းသိရသည်။


သတင်း-စွမ်းလင်းထက် 

သတင်းရင်းမြစ် - အမြင့်တိုက်နယ် သတင်းပြန်ကြားရေး 



ချောင်းဦးမြို့နယ်မှ ပျူစောထီး သတင်းပေး အမျိုးသမီး (၁)ဦး သတ်ခံရ ချောင်းဦးမြို့နယ်မှ ပျူစောထီး သတင်းပေး အမျိုးသမီး (၁)ဦး သတ်ခံရ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.