ခရမ်းမြို့ မနေ့ည ဇွဲတွန်စစ်ဆေးရေးဂိတ်ဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်း အတည်ပြုထုတ်ပြန်ခြင်း။


ခရမ်းမြို့ မနေ့ည ဇွဲတွန်စစ်ဆေးရေးဂိတ် ပေါက်ကွဲမှု နှင့် ပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ

သေဆုံး = ၅ ဦး (ရဲ ၃ ဦး + စစ်သား ၂ ဦး)။

ဒဏ်ရာရ =  ၃ ဦး (မပြင်းထန်)။ 

ခရမ်းမြို့ မနေ့ညပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ၅ ဦးသေ၊ ၃ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြပြီး စုစုပေါင်း ၈ ဦးအထိ ထိခိုက်ကျဆုံးမှုရှိကြောင်း ခရမ်းချန်နယ်မှ အတည်ပြုရရှိထားသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၎င်းတို့ထိခိုက်သေဆုံးမှုအခြေအနေများကို ဖုံးကွယ်ထားသည့်အတွက် အမှန်တကယ် ထိခိုက်ကျဆုံးမှုအခြေအနေမှာ ယခုထက်ပိုမိုများပြားနိုင်သည်။

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF - Khayan)ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်မြေပြင်မှ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

အမှတ်မရှိသေးတဲ့ ဇွဲတွန်စစ်ဆေးရေးဂိတ်။

Update News: ခရမ်းမြို့ ဇွဲတွန်စစ်ဆေးရေးဂိတ်ကို မနေ့ညက ခရမ်း-PDF က တိုက်ခိုက်ခဲ့ပြီး စကစဘက် အထိနာခဲ့သော်လည်း ယနေ့မနက်ပိုင်းမှာ ဟန်မပျက်ဘဲ ယခင်လို ဆက်လက်တောင်းရမ်းစားသောက်နေဆဲဖြစ်ကြောင်း သိရပါသည်။

ယနေ့မနက်ပိုင်းက ဖြတ်သန်းသွားလာသောကားများကို အကြောင်းမရှိအကြောင်းရှာပြီး တစ်စီးလျှင် ငွေငါးထောင်ကျပ် တောင်းခံနေကြောင်း သိရပါသည်။ ထို့ပြင် ကုန်စိမ်းသည်တစ်ချို့ထံကလည်း ၎င်းတို့လိုအပ်လျှင် လိုအပ်သလို ဟင်းသီးဟင်းရွက်များကိုလည်း တောင်းရမ်းစားသောက်နေကြောင်း သိရှိရပါသည်။


Khayan Channel

ခရမ်းမြို့ မနေ့ည ဇွဲတွန်စစ်ဆေးရေးဂိတ်ဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်း အတည်ပြုထုတ်ပြန်ခြင်း။ ခရမ်းမြို့ မနေ့ည ဇွဲတွန်စစ်ဆေးရေးဂိတ်ဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်း အတည်ပြုထုတ်ပြန်ခြင်း။ Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.